Thursday, February 14, 2013

နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု Google သတိပေးချက် စိတ်ပူရန် မလို

နိုင်ငံတော် အဆင့် ဆိုက်ဘာ တိုက်ခိုက်မှု Google သတိပေးချက် စိတ်ပူရန် မလိုမိမိ GMail သို့ ဝင်လိုက်သည်နှင့် 'သတိ။ လူကြီးမင်း၏ အကောင့် သို့မဟုတ်  ကွန်ပျူတာကို နိုင်ငံတော် အဆင့် တိုက်ခိုက် သူများက ထိုးဖောက် ဝင်ရောက်ရန်
ကြိုးပမ်းမှုများ ရှိလာနိုင်သည်' ဟူသည့် သတိပေးချက်ကို တွေ့လျှင် အထူး စိုးရိမ် မသွားပါနှင့်။

ယင်း သတိပေးချက်ကို မြင်ရရုံနှင့် မိမိ အကောင့် အလိုအလျောက် ထိုးဖောက် ဝင်ရောက်ခံနေရပြီဟု ယူဆရန် မဟုတ်ကြောင်း ၂ဝ၁၂ခုနှစ် ဇွန်လ ကတည်းကပင်လျှင် ဂူးဂဲလ်၏ တရားဝင် ဘလော့ဂ်တွင် လုံခြုံရေး အင်ဂျင်နီယာ ဌာန ဒုဥက္ကဋ္ဌ အဲရစ် ဂရော့စ်က ဆိုထားပြီး ဖြစ်ပါသည်။
သုံးစွဲသူများ အနေဖြင့် မိမိတို့၏ အကောင့်များ ပစ်မှတ်ထားခံ နေရပြီဖြစ်၍ ပိုမို လုံခြုံမှု ရှိလာစေရေး ဆက်လက် လုပ်ဆောင်ရန် သတိပေးမှု အဖြစ်သာ ရှုမြင်သင့်ကြောင်း သူကဆိုသည်။
''ကျွန်တော်က ဒီလို တိုက်ခိုက်တာ မျိုးဟာ အစိုးရရဲ့ မူဝါဒ မဟုတ်ဘူး။ အခု သတိပေးချက်ဟာ အရင် Google က ပို့ဖူးတဲ့ မေးလ် သတိပေးချက်နဲ့ ပုံစံကွာတယ်။ တကယ်လို Google ကပို့တယ် ဆိုရင်လည်း ဘယ်နိုင်ငံ အစိုးရ၊ ဘယ်အဖွဲ့ အစည်းလည်း ဆိုတာ တိတိ ကျကျ ပြောဖို့ ကောင်းတယ်၊ ဒီလို ယေဘုယျ ရေးတာဟာ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းမှု ပုံရိပ်ကို ထိခိုက် စေတယ်လို့ ဖြေကြား ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ လေးနာရီ ဆယ့်ငါး မိနစ်မှာတော့ ကျွန်တော်လည်း အတိုက်ခံ ရနိုင်ကြောင်း အခုလို သတိပေးချက် လက်ခံ ရရှိပါတယ်။ ဒီတော့ မြန်မာအစိုးရ က attacked လုပ်တာဆိုတာ မဟုတ်တာတော့ သေချာ ပါတယ်လို့ပဲ ပြောချင် ပါတယ်''ဟု ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။
တိုက်ခိုက်မှု များမှာ နိုင်ငံတော် အဆင့်ဖြစ်ကြောင်း၊ မည်သို့ သိရှိ သည်ကိုမူ ဂူးဂဲလ်က ပြောကြားရန် ငြင်းဆိုသည်။ ''ဒီလူဆိုး လူသွမ်း တွေ အတွက် အထောက်အကူ ဖြစ်မယ့် သတင်း အချက် အလက်တွေ အပါအဝင် ဒီကိစ္စကို အသေးစိတ် လိုက်လို့ မရနိုင်ပေမယ့် ကျွန်တော် တို့ လေ့လာထားတဲ့ အသေးစိတ် ဆန်းစစ်မှုတွေ၊ ထိုးဖောက်ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ တိုင်ကြားချက်တွေ ကတစ် ဆင့် ကိစ္စမှာ နိုင်ငံတော် အဆင့် ပံ့ပိုးနေတဲ့ နိုင်ငံတွေ သို့မဟုတ် အုပ်စုတွေ ပါဝင် ပတ်သက်နေကြောင်း အထင်အရှား တွေ့ရပါတယ်''ဟု ၂ဝ၁၂ နှစ်ဦးပိုင်းတွင် ဂရော့စ်က ပြောခဲ့ဖူးသည်။
ဂူးဂဲလ်၏ ပံ့ပိုးရေး စာမျက်နှာ တွင်မူ ''ဂူးဂဲလ်ရဲ့ အတွင်းစည်း လုံခြုံရေး စနစ်တွေကို ခြယ်လှယ်၍ မရပါ။ ယင်းကြောင့် ဖော်ပြပါသတိ ပေးချက်များသည် မတော်မတဲ့ အတက်ခ်ျမင့်များ၊ မလျော် ကန် ဆော့ဖ်ဝဲ ဒေါင်းလုပ်များ သို့မဟုတ် လူကြီးမင်း၏ ပါ့စ်ဝေါ့ခ် သို့မဟုတ် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ခိုးယူရန် အကြံဖြင့် ရေးသားထား သည့် ဝက်ဘ်ဆိုက်များ ပါဝင်သည့် အီးမေးလ်များ ကို လူကြီးမင်းလက်ခံ ရရှိနိုင်ပါသည်'' ဟု ဆိုထားပါသည်။
သံသယမကင်းဖွယ် မက်ဆေ့ခ်ျများ ပါဝင်သည့် အတက်ခ်ျ မင့်များပါ လင့်ခ်များကို မနှိပ်မိစေရန် သို့မဟုတ် ဖွင့်မကြည့်မိရန် အသုံးပြု သူများအား တင်းကျပ်စွာ သတိပေးထားသည်။ သုံးစွဲသူ အမှန် တကယ်ဖြစ်ကြောင်း နှစ် ထပ်ဆင့် စစ်ဆေးသည့် အစီအစဉ်ကို အသုံးပြုရန် သတိပေးထားသည်။ အကောင့် ပါ့စ်ဝေါ့ဒ်များ ပြောင်းလဲ ရန်နှင့် အထူးသဖြင့် ဝက်ဘ်ဘရောက်ဆာ အပါအဝင် ၄င်းတို့၏ ဆော့ဖ်ဝဲများ အချိန်နှင့်တစ်ပြေးညီ ဆန်းသစ် နေစေရန် တိုက်တွန်း ထားသည်။
ဖော်ပြပါ စာမျက်နှာပါ အကြံပြုချက် များမှာ သတိပေးချက်ပေါ် လာခြင်း မရှိသည့် ဂျီမေးလ်သုံးစွဲ သူများ ကိုလည်း အထောက်အကူ ဖြစ်စေသည်။
''ယခုညွှန်ကြားသည့် အတိုင်း လုပ်ဆောင်ခြင်းဖြင့် လူကြီးမင်း၏ အကောင့် သို့မဟုတ် ကွန်ပျူတာ ကိုဝင်ရောက် ခြယ်လှယ် ခံရခြင်း အားထူးထူး ခြားခြား လျှော့ချနိုင် ပါလိမ့်မည်'' ဂူးဂဲလ်သုံးစွဲမှု အသိ ပညာပေး စာမျက်နှာတွင် ဖော်ပြ ထားသည်။ ယင်းစာမျက်နှာကို ၂ဝ၁၃ ဇန်နဝါရီ ၁၆ ရက်နေ့ကပ နောက်ဆုံး update လုပ်ထားပါသည်။
'state-sponsored attackers' ဆိုပြီး တက်လာတာ တကယ် state-sponsored လုပ်ထားတဲ့ attackers တွေသာ ချဉ်းကပ်တိုက် ခိုက်တာ မဟုတ်ပါဘူး။ System Waming တစ်ခုပါပဲ။
လတ်တလော မြန်မာပြည် တွင်းမှာ အီးမေးလ်ကနေ တစ်ဆင့် ပြန့်ပွားနေတဲ့ Malware/Trojan File တွေကို Access လုပ်ခဲ့ (ဖွင့် ခဲ့တဲ့) IP ကို Google Security System က Record တစ်ခုအဖြင့် မှတ်သားပြီး ၄င်း IP နဲ့ Access Login ဝင်လာတဲ့ သူတွေ အားလုံးကို Warning Message တွေ ပေါ်တယ်လို့ ကျွန်တော် ထင်ပါတယ်။
စောစောတုန်းက ပြောတဲ့ Gmail ကဝင်လာတဲ့ Malware တစ်ခုကို မိမိရဲ့Network ထဲမှာ ရှိတဲ့ လူတစ်ယောက် ယောက်က ဖွင့်ကြည့် မိတယ် (Download ဆွဲယူ)၊ Virus ထိတယ် ဆိုရင် သေချာပါတယ်... ၄င်း IP နဲ့ Access လုပ်တဲ့ Account အချို့မှာ ပေါ်တတ် ပါတယ်။
လွန်ခဲ့တဲ့ နှစ်လယ်လောက်က Active attacks တစ်ခုဖြစ်တဲ့ Ms XML Core Services ယိုပေါက်ကနေ တစ်ဆင့် remote access ရယူဖို့ attackers တွေ ကြိုးစား ခဲ့ကြသလို အခု ဆိုရင် မြန်မာပြည် ဘက်ကို လှည့်လာပြီ ထင်ပါတယ်။
အခု မြန်မာ မီဒီယာ အချို့တွေနဲ့ Facebook (Myanmar) မှာ ပြောနေကြသလို State Sponsored လုပ်ထားတဲ့ သူတွေက သူတို့ကို တိုက်ခိုက်နေတယ် ဆိုတယ် (ဟက်တယ်၊ ဟက်ဖို့ ကြိုးစားနေတယ်) ဆိုတာတွေက မဖြစ်နိုင်ပါ'' ဟု အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူ Planet Creator က ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြောပါသည်။
From : PC Magazine
မြ၀တီ နည်းပညာ Facebook မှ ကူးယူဖေါ်ပြသည်

No comments:

Post a Comment