Thursday, February 14, 2013

ဇာတိပြလာတဲ့ KIA


မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်တစ်သိန်းKIA တောင်းခံ
========================================

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

KIA တပ်မဟာ(၂) တပ်ရင်းအမှတ်(၅)အနေနဲ့ လမိုင်းယန်တိုက်နယ်အတွင်းမှာရှိကြတဲ့ မော်တော်ယာဉ် တွေအနေနဲ့ ယာဉ်တစ်စီးကိုငွေကျပ်(၁)သိန်းအခွန်ငွေပေးဆောင်ကြဖို့ အကြောင်းကြားထားပါတယ်။ အဲဒီငွေ တွေကိုတော့ လာမဲ့မတ်လ(၁)ရက်နေ့နောက်ဆုံးထား
ပေးသွင်းရမှာဖြစ်ပြီး ပေးသွင်းခြင်းမရှိတဲ့မော်တော်ယာဉ် တွေကိုတော့ ဖောက်ခွဲဖျက်ဆီးပစ်မယ်လို့ ပြင်းထန်တဲ့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။လမိုင်းယန်တိုက်နယ်အတွင်းမှာ ရှိကြတဲ့ စီငန်း၊စီသော်၊ဟင်းအွန်၊မြို့ကုန်း၊ လိပ်စင်း၊နောင်ပင်၊ခိုလပ်၊မိုးစစ်၊ပေါက်ကုန်း၊ကျောက်ကြီး၊ ကျောက် တလုံး၊ သင်္ဘောအင်းစတဲ့ကျေးရွာတွေမှာသစ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေရှိပါတယ်။
အဲဒီကျေးရွာတွေကသစ်တောတွေမှာသစ်တွေခုတ်ပြီး ထော်လာဂျီယာဉ်၊ လေးလုံထိုးယာဉ်၊သရီး ကရောင်းယာဉ်တွေ သယ်ယူပို့ဆောင်နေရတာဖြစ်ပါတယ်။ သစ်လုပ်ငန်းလုပ်ကိုင်သူတွေများပြားသလို မော်တော်ယာဉ်အရေအတွက်ကလဲ များပြားပါတယ်။ KIA တပ်တွေအနေနဲ့ တရားမ၀င်သစ်ရောင်းဝယ်ထုတ် လုပ်သူတွေဆီက အခွန်တွေကောက်ခံသလို သူတို့အသုံးပြုနေတဲ့ မော်တော်ယာဉ်တစ်စီးချင်းအတွက်လဲငွေ ကြေးနှုန်းထားသတ်မှတ်ပြီးကောက်ခံနေတာဖြစ်ပါတယ်။ ရွာသားတွေအနေနဲ့ KIA တပ်တွေနဲ့ မဆက်ဆံဘဲ နေလို့မရတဲ့အတွက် မပေးချင်ဘဲ ပေးနေကြရတာဖြစ်ပါတယ်။ KIA တပ်ဖွဲ့တွေအနေနဲ့ ဒီလိုမျိုး ငွေရပေါက်တွေ အများကြီးရှိနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို စိတ်ဝင်စားခြင်းမရှိတာလို့ ဒေသခံတွေကပြော ပြပါတယ်။
Kachin Daily News

No comments:

Post a Comment