Thursday, February 21, 2013

KIA မှအတင်းအဓမ္မ ဖမ်းထားသော လူငယ်များပြန်လည် လွတ်မြောက်

KIA မှ မြစ်ဆုံရွာအနီး ဈေးတန်းမှ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်အတင်းအဓမ္မဖမ်းဆီးသွားသော ရွာသူရွာသား၁၆ဦးကို ၁၈ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဖမ်းဆီးသွားသောသူများ တွင် အမျိုးသား ၁၄ဦးနှင့် အမျိုးသမီး ၂ဦးပါဝင်ကာ ၁၄ နှစ်မှ ၂၅ နှစ်အတွင်း ရှိသော လူငယ်လူရွယ်များဖြစ် သည်ဟု လွတ်မြောက်လာသူတစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။
အမျိုးသမီး၂ဦးမှာ အသက်မပြည့်သေးဘဲ ၁၄နှစ်နှင့် ၁၆နှစ်သာရှိကြကြောင်း၊ ဖမ်းဆီးသွားသူများကို KIA အဖွဲ့မှ နောင်ကူးယန်ရှိ ၎င်းတို့စခန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားပြီး ၂ရက်ခန့် ဖမ်းဆီးခဲ့ကာ ၁၈ရက်နေ့က ပြန်လည် လွှတ်မြောက် ခဲ့ကြောင်းသိရှိရပါသည်။ လွတ်မြောက်လာသူများသည် ဂျော်ဆာ-တန်ဘောင်ယန်-မြစ်ဆုံလမ်းအတိုင်း ဆိုင်ကယ် ကယ်ရီများဖြင့် ပြန်လာ ခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများ၏ ပြောပြချက်အရ KIA စခန်းအတွင်းတွင် ရိက္ခာများနည်းနေ၍ ၎င်းတို့ကို ကြာရှည်စွာ မကျွေးနိုင်၍ပြန်လည်လွတ်ပေးခဲ့ကြောင်းနှင့် စခန်းအတွင်းမှ တပ်ဖွဲ့ဝင်များလည်း စစ်တိုက် လိုစိတ်မရှိဘဲ အစိုးရ တပ်နှင့် ပူးပေါင်းလိုသူများရှိနေကြာင်းသိရှိရပါသည်။ 
Kachin Daily News

No comments:

Post a Comment