Tuesday, February 26, 2013

KIA ရဲ့ ဟင်္သာကိုးသောင်းဇာတ်လမ်း



မြစ်ကြီးနား။

          ကျွန်တော်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ အတူနေခဲ့ရတော့ ညအိပ်ရာဝင်ချိန်ဆိုရင် အဘိုးနဲ့အဘွားက တစ်လှည့်စီ ပုံပြင်တစ်ပုဒ်စီပြောပြပြီး အိပ်စက်ခဲ့ရပါတယ်။ အဲဒီထဲမှာ ရယ်စရာတွေ၊ ဝမ်းနည်းစရာတွေပါသလို မိဘနဲ့ လူကြီးသူမတွေကို ဘယ်လိုစောင့်ရှောက်ရမယ်. အမျိုးဂုဏ်ဇာတိဂုဏ်ကို ဘယ်လိုစောင့်ထိမ်းရမယ်.စတဲ့ မှတ်သားစရာတွေလဲ အများကြီးကြားသိခဲ့ရပါတယ်။ 

          အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ရမယ်ဆိုတဲ့ပုံပြင်တွေထဲမှာ ကျွန်တော် အမှတ်ရဆုံးကတော့ ဟင်္သားကိုးသောင်းပုံပြင်ပါပဲ။ တစ်နေ့မှာပေါ့. မျိုးနွယ်စုတူတဲ့ ဟင်္သာကိုးသောင်း ဟာ ကျောက်ဂူကြီးတစ်ခုထဲမှာ ပင့်ကူကြီးတစ်ကောင်ရဲ့ အပေါက်ဝကနေပိတ်ဆို့ထားခြင်းကို ခံနေရ ပါတယ်။ ဂူထဲကနေ ထွက်သွားရင်၊ ထွက်မိရင် အဲဒီပင့်ကူကြီးရဲ့ ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဟင်္သာတွေဟာ ဘယ်မှထွက်သွားလို့မရဘဲ ဂူထဲမှာပဲ ပိတ်မိနေပါတော့တယ်။ အစာလည်း ငတ်. ရေလည်း ငတ်ပေါ့၊ ပထမတော့ သူတို့တွေ ရနိုင်သလောက် တောင့်ခံပြီးနေကြတာပေါ့၊ ဒါပေမယ့် အချိန်တွေကြာလာတော့ စောင့်စည်းသည်းခံနိုင်ခြင်းမရှိတော့ဘဲ အမျိုးဖျက်မယ့် ဟင်္သာတွေပေါ် လာတာပေါ့။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်အမျိုးအချင်းချင်းကို သတ်ဖြတ်စားသောက် တော့တာပါပဲ။ ဒါနဲ့ပဲ အချိန်တွေကြာလာတာနဲ့အမျှ ဂူထဲမှာရှိနေတဲ့ ဟင်္သာကိုးသောင်းဟာ ဘယ်သူဘယ့်သူရဲ့ သတ်ဖြတ်ချင်း ကိုမှမခံရဘဲ ကိုယ့်အမျိုးကိုယ် ပြန်လည်သတ်ဖြတ်ရင်းနဲ့ပဲ အကုန်လုံးသေကြေပျက်ဆီးပြီး အမျိုး တုန်းပျောက်ကွယ်သွားခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ်။


          ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝရောက်တော့ တစ်ခါ.ဒီလိုမျိုး ဟင်္သာကိုးသောင်း ပုံပြင် တစ်ပုဒ် ထပ်ပြီးကြားသိခဲ့ရပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ်.နှစ်ဆယ်လောက်ကပေါ့. ၈၈ ကျောင်းသားအရေး အခင်းကြီးလည်းပြီးရော တက္ကသိုလ်ကျောင်းသား တော်တော်များများဟာ နယ်စပ်မှာ ဖွဲ့စည်း ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ် ဒီအက်ဖ်) အဖွဲ့ ထဲကို ဝင်ရောက်သွားကြပါတယ်။ ဟင်္သာကိုးသောင်းလို အဖြစ်အပျက်ကတော့ (ABSDF,NB) လို့ခေါ် တဲ့ မြောက်ပိုင်းတပ်ဖွဲ့မှာ ဖြစ်ပွားခဲ့တာပါ။ သူတို့အဖွဲ့ထဲမှာ တပ်မတော်ထောက်လှမ်းရေးက လူတွေပါ တယ်ဆိုပြီး အချင်းချင်းသတ်ဖြတ်ခဲ့ကြတာ. အဲဒီလူသတ်ပွဲကြီးကနေစပြီး ABSDF ဟာ ကျရှုံးခဲ့တော့ တာပါပဲ။ ကိုယ့်အမျိုးတူ၊ အဖွဲ့အစည်းတူအချင်းချင်း စောင့်ရှောက်ရမှာကို မထိန်းသိမ်းခဲ့တဲ့ အတွက် ကျရှုံးရခြင်းဖြစ်တယ်ဆိုတာကို မှတ်သားခဲ့ရပါတယ်။

          အခုချိန်မှာ တစ်ခါ ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်တစ်ပုဒ်ကို ကြားနေရပြန်ပါတယ်။ အဲဒါကတော့ မြန်မာပြည်မြောက်ပိုင်းမှာရှိနေတဲ့ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့ မှာ ဖြစ်ပွားနေခြင်း ပဲဖြစ်ပါတယ်။ သူတို့တပ်ဖွဲ့ထဲမှာ အစိုးရစစ်တပ်နဲ့ ဆက်သွယ်ဖို့ကြိုးစားတဲ့သူတွေလို့ စွပ်စွဲပြီး ဖမ်းဆီး ထားတဲ့သူ အမျိုးတူ.အနွယ်တူ(၄၂)ယောက်ကို သေဒဏ်ပေးမယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လိုင်ဇာဟိုတယ်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဂမ်ရှောင်က အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ဒီအမိန့် ဟာ ဟင်္သာကိုးသောင်းပုံပြင်ထဲကအတိုင်းပဲ ကိုယ့်အမျိုးတူ အနွယ်တူတွေကို မစောင့်ရှောက်ဘဲ အချင်းချင်း သတ်ဖြတ်ချင်းအားဖြင့် အမျိုးတုံးပျောက်ကွယ်တော့မယ်ဆိုတဲ့ နိမိတ်သင်္ကေတပါပဲ။ ဒါကြောင့် မို့ နောက် ဆိုရင် စစ်ဦးစီးချုပ်ဂမ်ရှောင်ရဲ့လက်အောက်က KIA ဆိုတဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့ ဟာ ပြတိုက် ထဲမှာတောင် မနည်းရှာဖွေကြည့်ရှုလေ့လာရမယ့် အဖွဲ့ဖြစ်တော့မယ်ဆိုတာ ကျိန်းသေနေပါပြီ…။

No comments:

Post a Comment