Thursday, March 21, 2013

B-52 ဗုံးကြဲလေယာဉ်များ ပျံသန်းနေမှုကို မြောက်ကိုရီးယား သတိပေး အမေရိကန်ပိုင် B-52

Photo: B-52 ဗုံးကြဲလေယာဉ်များ ပျံသန်းနေမှုကို မြောက်ကိုရီးယား သတိပေး
အမေရိကန်ပိုင် B-52 
Thursday, 21 March 2013

ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ဆက်လက် ပျံသန်းနေမည် ဆိုပါက မိမိတို့ ဘက်မှလည်း ပြင်းထန်သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေး ခြိမ်းခြောက်လိုက်သည်။

အမေရိကန်ပိုင် B-52 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်
ယံတွင် ဆက်လက် ပျံသန်းနေမည် ဆိုပါက မိမိတို့ ဘက်မှလည်း ပြင်းထန်
သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေး ခြိမ်းခြောက်လိုက်သည်။ မြောက်ကိုရီးယား၏ ရန်သူတော်ဖြစ်သော မဟာမိတ် နှစ်နိုင်ငံသည် တောင်ကိုရီးယားတွင် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သလို အမေရိကန် စစ်တပ်၏ နာမည်ကျော် B-52များပါ ပါဝင်ခဲ့ကြသည်။

ကိုရီးယား ရေလက်ကြားပေါ်တွင် B-52များ ဖြတ်၍ပျံနေခြင်းကို မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက မျက်မုန်းကျိုးနေပြီး ယခုလို ခြိမ်းခြောက်လာခြင်း
ဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်၏ ပစိဖိတ်လေတပ် ဦးစီးဌာန၏
ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူး ရစ်ချလီ ဒေါ့ဒဲလ်က စစ်ရေးလေ့ကျင့်မှု
များ အောင်မြင်ကြောင်း Emailဖြင့် ဆက်သွယ်မေးမြန်းသည့် Bloomberg သတင်းဌာနသို့ အသိပေးခဲ့သည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားမသွားချေ။

B-52များသည် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များကို သယ်ဆောင်နိုင်သလို ဝေဟင်မှ မြေပြင်ရှိ ဝေးကွာသော ပစ်မှတ်များကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်
များ တပ်ဆင်နိုင်သည်။

အမေရိကန်သည် မြောက်ကိုရီးယားတွင် ခေါင်းဆောင်သစ် ကင်မ်ဂျုံအန်း တက်လာသည့်နောက် ကိုရီးယားကျွန်းဆွယ်တွင် ၎င်းတို့ သတ်မှတ်ထား
သည့် လုံခြုံရေး စံနှုန်းများကို မြှင့်တင်လာခဲ့သည်။ မြောက်ကိုရီးယားဘက်
မှမူ B-52များ ရေလက်ကြားအပေါ် ဆက်လက် ပျံသန်းလာပါက မိမိတို့
လည်း တစ်စုံတစ်ရာ တုံ့ပြန်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

"နားလည်ထားဖို့က အခြေအနေတိုင်းဟာ စစ်ပွဲစတင်ဖို့ တဖြည်းဖြည်း နီးကပ်လာအောင် လုပ်သလို ဖြစ်နေပြီ"ဟု မြောက်ကိုရီးယား နိုင်ငံခြား
ရေး ဝန်ကြီးဌာနမှ အမည်မဖော်ပြသော အရာရှိ တစ်ဦးက KCNAသတင်း
ဌာနသို့ ပြောကြားသွားသည်။ အမေရိကန်မှ B-52လေယာဉ်များသည်
တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် မတ်လ (၈)ရက်နေ့က ပထမဆုံးအကြိမ် စတင်ပူးပေါင်း ပျံသန်းခဲ့သည်။

အဆိုပါ ဗုံးကြဲလေယာဉ်သည် ဂူအမ်ရှိ အန်ဒါဆန် လေတပ်စခန်းမှ ဂျပန်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ဆက်လက် ပျံသန်းနေမည် ဆိုပါက မိမိတို့ ဘက်မှလည်း ပြင်းထန်သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု မြောက်ကိုရီးယားအစိုးရက သတိပေး ခြိမ်းခြောက်လိုက်သည်။
အမေရိကန်ပိုင် B-52 ဗုံးကြဲလေယာဉ်များ တောင် ကိုရီးယား ကောင်း ကင်ယံတွင် ဆက်လက်ပျံသန်းနေမည်ဆိုပါက မိမိတို့ဘက်မှ လည်း ပြင်း ထန်သည့် စစ်ရေးအရ တုံ့ပြန်မှုများ ပြုလုပ် ရလိမ့် မည်ဟု မြောက် ကိုရီးယားအစိုးရက သတိပေးခြိမ်းခြောက်လိုက်သည်။ မြောက် ကိုရီးယား၏ ရန်သူတော်ဖြစ်သော မဟာမိတ် နှစ်နိုင်ငံသည် တောင်ကိုရီးယားတွင် ပူးပေါင်း စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ခဲ့သလို အမေရိကန် စစ်တပ်၏ နာမည်ကျော် B-52များပါ ပါဝင်ခဲ့ကြသည်။

ကိုရီးယား ရေလက်ကြားပေါ်တွင် B-52များ ဖြတ်၍ပျံနေခြင်းကို မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက မျက်မုန်း ကျိုးနေပြီး ယခုလို ခြိမ်းခြောက်လာခြင်းဖြစ်သည်။ ထိုအချိန်တွင် အမေရိကန်၏ ပစိဖိတ်လေတပ် ဦးစီးဌာန ၏ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူး ရစ်ချလီ ဒေါ့ဒဲလ်က စစ်ရေးလေ့ကျင့်မှုများ အောင်မြင်ကြောင်း Emailဖြင့် ဆက်သွယ်မေးမြန်းသည့် Bloomberg သတင်းဌာနသို့ အသိပေးခဲ့သည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားမသွားချေ။

B-52များသည် နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည်များကို သယ်ဆောင်နိုင်သလို ဝေဟင်မှ မြေပြင်ရှိ ဝေး ကွာသော ပစ်မှတ်များကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်များ တပ်ဆင်နိုင်သည်။

အမေရိကန်သည် မြောက်ကိုရီးယားတွင် ခေါင်းဆောင်သစ် ကင်မ်ဂျုံအန်း တက်လာသည့်နောက် ကိုရီးယား ကျွန်းဆွယ်တွင် ၎င်းတို့ သတ်မှတ်ထားသည့် လုံခြုံရေး စံနှုန်းများကို မြှင့်တင်လာ ခဲ့သည်။ မြောက် ကိုရီးယား ဘက်မှမူ B-52များ ရေလက်ကြားအပေါ် ဆက်လက် ပျံသန်းလာပါက မိမိတို့လည်း တစ်စုံတစ်ရာ တုံ့ပြန် လာနိုင်ကြောင်း ပြောဆိုခဲ့သည်။

"နားလည်ထားဖို့က အခြေအနေတိုင်းဟာ စစ်ပွဲစတင်ဖို့ တဖြည်းဖြည်း နီးကပ်လာအောင် လုပ်သ လို ဖြစ်နေ ပြီ"ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်ပြသော အရာရှိ တစ်ဦးက KCNA သတင်း ဌာနသို့ ပြောကြားသွားသည်။ အမေရိကန်မှ B-52လေယာဉ်များသည်တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့် မှုတွင် မတ်လ (၈)ရက်နေ့က ပထမဆုံးအကြိမ် စတင်ပူးပေါင်း ပျံသန်းခဲ့သည်။

အဆိုပါ ဗုံးကြဲလေယာဉ်သည် ဂူအမ်ရှိအန်ဒါဆန် လေတပ်စခန်းမှ ဂျပန်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း လည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment