Thursday, March 21, 2013

နေပြည်တော် လေဆိပ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေး

နေပြည်တော် လေဆိပ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်ငန်း များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေး

ယမန်နေ့ နံနက် ၁ဝ နာရီက နေပြည်တော် လေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် Soft Open ပြုလုပ်ထားပြီး ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက် မှစ၍ အပြည်ပြည် ဆိုင်ရာ လေယာဉ်များ

ဆင်းသက်၍ အပြည်ပြည် ဆိုင်ရာ လေဆိပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်း အဝေးကို ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြား သည်။

အစည်းအဝေးတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် Promotion ကာလ အတွင်း On Arrival Visa, Tourist Visa များ ထုတ်ပေးနိုင်ရေးနှင့် Visa Fee များ လျှော့ချ/ ကင်း လွတ် ပေးနိုင်ရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြ ဆောင်ရွက်ရန်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အတွက် Entry နှင့် Exit Point များ Flexibility ရှိစေရေး စီစဉ် ဆောင်ရွက်ရန်၊ လေကြောင်းလိုင်း များတွင် Operation Flexibility ရှိစေရေး အတွက် Air. Traffic Right များအား ဖြစ်နိုင်သမျှ ခွင့်ပြု ပေးသွားရန်၊ Duty Free Zone တစ်ခု တည်ဆောက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် သွားရန်၊ လေယာဉ် ဆင်းသက်ခ၊ ရပ်နားခနှင့် မြေပြင် ဝန်ဆောင်ခများ လျှော့ချပေးနိုင်ရေး စီမံ ဆောင်ရွက်သွားရန်၊ Airport Transfer နှင့် Sight-Seeing ကဲ့သို့သော ဝန်ဆောင်မှု များကို အပို ဝန်ဆောင်မှုများ အဖြစ် ပေးအပ်နိုင်စေရေး စီစဉ် ဆောင်ရွက်သွားရန်၊ လွှတ်တော် အဆောက်အအုံ များအား လှည့်လည် လေ့လာ ခွင့် ပြုနိုင်ရေး တင်ပြ ဆောင်ရွက်သွားရန် စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။

အစည်းအဝေးသို့ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ ပို့ဆောင်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးကံချွန်၊ ဒုတိယ ရဲချုပ်၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသင်း၊ နေပြည်တော် ဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက် ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။
Credit:မြ၀တီ

ZinYawNews ယမန်နေ့ နံနက် ၁ဝ နာရီက နေပြည်တော် လေဆိပ်အား အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် Soft Open ပြုလုပ်ထားပြီး ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အပြည်ပြည် ဆိုင်ရာ လေယာဉ်များဆင်းသက်၍ အပြည်ပြည် ဆိုင်ရာလေဆိပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကို ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးရုံး၌ ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် တက်ရောက် ၍ အဖွင့် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် Promotion ကာလအတွင်း On Arrival Visa, Tourist Visa များထုတ်ပေးနိုင်ရေးနှင့် Visa Fee များ လျှော့ချ/ ကင်းလွတ်ပေးနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ ဆောင်ရွက်ရန်၊ နေပြည်တော်၊ရန်ကုန်နှင့်မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များအတွက် Entry နှင့် Exit Point များ Flexibility ရှိစေရေး စီစဉ် ဆောင်ရွက် ရန်၊ လေကြောင်းလိုင်းများတွင် Operation Flexibility ရှိစေရေး အတွက် Air. Traffic Right များအား ဖြစ်နိုင်သမျှခွင့်ပြု ပေးသွားရန်၊ Duty Free Zone တစ်ခုတည်ဆောက်နိုင်ရေးသက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရန်၊ လေယာဉ်ဆင်းသက်ခ၊ ရပ်နားခနှင့် မြေပြင် ဝန်ဆောင်ခ များ လျှော့ချပေးနိုင်ရေးစီမံ ဆောင်ရွက်သွားရန်၊ Airport Transfer နှင့် Sight-Seeing ကဲ့သို့သော ဝန်ဆောင်မှုများကို အပိုဝန်ဆောင်မှုများအဖြစ် ပေးအပ်နိုင်စေရေးစီစဉ် ဆောင်ရွက်သွားရန်၊လွှတ်တော် အဆောက်အအုံများအား လှည့်လည် လေ့လာခွင့် ပြုနိုင်ရေး တင်ပြ ဆောင်ရွက်သွားရန်စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပို့ဆောင်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း ၊ နေပြည်တော် ကောင်စီဝင် ဦးကံချွန်၊ ဒုတိယ ရဲချုပ်၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသင်း၊ နေပြည်တော် ဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်း တို့မှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Credit:မြ၀တီ

ZinYawNews

No comments:

Post a Comment