Tuesday, March 26, 2013

အမေရိကန်သံရုံးကမြန်မာနိုင်ငံရှိအမေရိကန်နိုင်ငံသားများ အတွက် ခရီးသွားလာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်


အမေရိကန်နိုင်ငံသားများအနေဖြင့် ဒသန္တရအမိန့်များ ထုတ်ပြန်ကြေညာထားသည့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာတစ်ဝိုက်နေရာများအား သွားလာခြင်းလုံးဝရှောင်ကျဉ်ရန် ခရီးသွားလာရေးဆိုင်ရာ အကြံပြု
ချက်တစ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကထုတ်ပြန်ကြေညာလိုက်သည်။

အများပြည်သူနှင့်ဆိုင်သည့်နေရာများသို့သွားလာရာတွင်လည်း မိမိပတ်ဝန်းကျင်အားတစ်ချိန်လုံးသတိ ထားနေစေရန်၊ လူစုလူဝေးနေရာများ၊ ဆန္ဒပြမှုများတွေ့ရှိပါက ရှောင်ရှားကြပါရန်နှင့် ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြပွဲများကပင် အကြမ်းဖက်မှုများနှင့် ခန့်မှန်း၍မရနိုင်သည်များဖြစ်ပွားလာနိုင်ကြောင်းဖြင့် သတိပေးပြောကြားထားသည်။

ထုတ်ပြန်ချက်တွင်မိတ္ထီလာတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် လက်ရှိရန်ကုန်မြို့အခြေအနေတို့ကိုပါ အမေရိကန်နိုင်ငံသားများသို့ သတင်းအချက်အလက်ပေးထားသည်။

7Day News Journal

No comments:

Post a Comment