Thursday, March 21, 2013

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၁ ရက် နံနက် ၈ နာရီ ၄၀ မိနစ်
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်းရပ်ကွက်ကြားတွင် မတ်လ ၂၁ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီဝန်းကျင်က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မန္တလေး တိုင်းဒေသ ကြီး ဝန်ကြီးချုပ ဦးရဲမြင့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် တို့ တွေ့ ဆုံပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း မိတ္ထီလာမြို့သို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။ အဆိုပါတွေ့ဆုံမှုတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝီရသူနှင့် ရွှေညဝါ ဆရာတော်တို့ ပါဝင်ခဲ့ပြီး လူထုအသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် ပတ်သက် ပြီး ဆွေးနွေး ခဲ့ကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment