Thursday, March 28, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ

မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်

ပုတီးကုန်းမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး ဈေးဆိုင် အချို့ကို ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ လူစုလူဝေးဖြင့် သွားလာမှုများလည်း မရှိသလောက် နည်းပါးနေပြီး ယနေ့ နံနက်ပိုင်းက ဗလီကိုလာရောက်ဖျက်ဆီးသည်ဆိုသော သတင်းများမှာ ကောလာဟလ ဖြစ်ကြောင်း ပုတီးကုန်းမြို့ သို့ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။

"ညက ဖျက်ဆီးခံရတဲ့ ဗလီကို လူတွေလာကြည့်ရင်း တဖြည်းဖြည်းနဲ့ လူတွေ များသွားတာပါ။ အဲဒီ ဟာကိုပဲ ဗလီကို ဖျက်ဆီးနေပြီလို့ ဒီနေ့ မနက်ပိုင်းမှာ ကောလာဟလတွေ ထွက်ခဲ့တာပါ။ ပုတီးကုန်းရဲ့ လက်ရှိအခြေအနေကတော့ တည်တည်ငြိမ်ငြိမ်ပဲလို့ ပြောနိုင်ပါတယ်”ဟု ပုတီးကုန်းမြို့ သို့ ရောက် ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။

သို့သော် အပျက်အစီးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေမှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ဓာတ်ပုံရိုက်ခွင့် မပြုဘဲ တားမြစ်နေကြောင်း သိရပါသည်။

ပုတီးကုန်းမြို့၌ မတ်လ ၂၇ ရက် ည ၁၀ နာရီမှ ၁၂ နာရီအတွင်း လူတစ်စုက ဗလီတစ်ခုအတွင်းရှိ ပစ္စည်းများနှင့် အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းအတွင်းရှိ ပစ္စည်းများအား ဖျက်စီးခြင်း များ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆူပူ ဖျက်စီးမှုပြုလုပ်ခဲ့သည့် လူ ရာဂဏန်း ဝန်းကျင်သည် ပုတီးကုန်းမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း သတင်းရရှိသည်။
From....Eleven

No comments:

Post a Comment