ကန်တော့ခြင်း
မိမိထက် အသက်ဂုဏ်ဝါကြီးသူများအား နှစ်သစ်ကူးပြီးနောက် (သင်္ကြန်)နှစ်ဆန်းတစ်ရက်နေ့တွင် လည်းကောင်း၊ သီတင်းကျွတ် အခါကြီး ရက်ကြီးများတွင်လည်းကောင်း ရှစ်ခိုးကန့်တော့လေရှိကြ သည်။ ဆရာ/မများအားလည်း တပည့်ကျောင်းသား/သူများက ဆရာကန့်တော့ပွဲပြုလုပ်၍ ကန့်တော့ကြပါသည်။ ထိုသို့ကန့်တော့ရာ၌ ထိခြင်းငါးပါးဖြင့် ရှိခိုးကန့်တော့လေရှိကြသည်။ ဆုပေးခြင်း
အသက်ဂုဏ်ငယ်သူများ၊ တပည့်များက ကန့်တော့သည်အခါ ဘိုးဘွားမိဘ၊ ဆရာ/မများက -“ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ ”စသည်ဖြင့် ဆု ပေးလေ့ရှိပါသည်။
Myawady News

No comments:
Post a Comment