မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်နေသောကြောင့် ကိုယ်ပိုင်နျူကလီးယား လက်နက်များ ထုတ်လုပ်မည့်စီမံကိန်း ကို တောင်ကိုရီးယား နိုင်ငံသား
၆၆ ရာခိုင်နှုန်းက ထောက်ခံထားကြောင်း ပုဂ္ဂလိကအတိုင်ပင်ခံ ပညာရှင်အဖွဲ့ Asan
Institute က ဖေဖော်ဝါရီလ တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။
"ကျွန်တော်တို့ ကိုရီးယားပြည်သူတွေဟာ မြောက်ကိုရီးယားရဲ့ လိမ်လည် လှည့်စားမှုကို ခံခဲ့ရတာ နှစ် ၃၀ နီးပါး ရှိပါပြီ။ အခုချိန်မှာတော့တောင် ကိုရီးယားနိုင်ငံသားတွေဟာ လက်ရှိအမှန်တရားကို ရင်ဆိုင်ရမယ့် အချိန်ဖြစ်ပြီး တစ်ခုခုလုပ်ဆောင်ဖို့ လိုအပ် လာပါပြီ" ဟု အာဏာရ Sae-nuri (New Frontier) ပါတီမှ ဥပဒေပြုအမတ်နှင့် သမ္မတရွေးကောက် ပွဲဝင် ကွန်ဆာဗေးတစ်ပါတီ ကိုယ်စားလှယ်ဟောင်းဖြစ်သူ Chung Mong-joo က ပြောကြားခဲ့သည်။
"တောင်ကိုရီးယားကို မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ကင်ဂျုံအွန် ရဲ့အစိုးရဟာ ကမ္ဘာကနေ ပျောက်ကွယ်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်" ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီး ဌာန၏ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယားက ခရုဇ်ဒုံးကျည်တစ်ခု ပြသခဲ့သည်။
အဆိုပါ ဒုံးကျည်သည် မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းပြတင်းပေါက်အထိ ချိန်ရွယ်ပစ်လွှတ်နိုင် သည်ဟု တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသား ထက်ဝက် ခန့်က အမေရိကန်သည် တောင်ကိုရီးယားနိုင်ငံအပေါ်ကျရောက်မည့် နျူကလီးယား လက်နက် တိုက်ခိုက်မှု များကို ကာကွယ်ပေးမည်ဟု ယူဆခဲ့ကြောင်း ယင်းအစီရင်ခံ စာတွင် ဖော်ပြခဲ့ သည်။ မြောက်ကိုရီးယား၏ ရန်စမှုနှင့် ခြိမ်းခြောက်မှုများအပေါ် တောင်ကိုရီးယားက တုံ့ပြန်မှု နည်းပါးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် တွင် တောင်ကိုရီးယားသင်္ဘော တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောသား ၄၀ ကျော် သေဆုံးခဲ့ ပြီးနောက် တွင် တောင်ကိုရီးယားနိုင်ငံသားများ၏ သဘောထား ပြောင်းလဲခဲ့သည်။
ဓာတ်ပုံ - တောင်နှင့်မြောက်ကိုရီးယားကို ခြားထားသော စစ်မဲ့ဇုန်တွင် ဗီဒီယိုရိုက်ကူးနေမှုကို မတ် ၁၉ ရက် က တွေ့ရစဉ်
Ref:CNN
Eleven Media Group

No comments:
Post a Comment