Thursday, March 14, 2013

ပေ ၂၀ အတွင်း ဂိတ် ၂ ဂိတ်နှင့် ဂိတ်ကြေး ၄၀၀ ကျပ်

 

ကျွန်တော်တို့ နိုင်ငံအတွင်း၊ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိကားလမ်းများ တွင် ဂိတ်အမျိုးမျိုးကို မော်တော်ကားဖြင့် ခရီးသွားဘူးသူတိုင်းကြံဖူးကြပါသည်။ ထိုဂိတ်များစွာကို ဖြတ်ကျော်ရပါက အစဦးကြုံတွေ့သောဂိတ်များတွင်
မသိသာ သော်လည်း ဂိတ်များတဖြည်းဖြည်းများ လာပါက ခရီးသည်များအပါအ၀င်ယာဉ် မောင်း/ယာဉ်နောက်လိုက်များပါ “ဒီဂိတ်  တွေကလည်းကွာများကိုများလွန်းပါတယ်  သိပ်ရှုပ်တာပဲ”ဟု ညည်းညူတတ်ကြလေ သည်။ ဂိတ်သည်ဆောက်ပုံကလည်း အမျိုးမျိုးဖြစ်သည် ၀ါလုံးဖြင့် တားထား သော ၀ါးတားဂိတ်များ၊ နှစ်ဖက်ချသံဆူး ကြိုးဖြင့်တားထားသည့် ဂိတ်များ၊ မည်သို့  မျှဟန့်တားခြင်းမပြုသော်လည်း ကုန်ပစ္စည်းပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း  နှင့် ယာဉ်နောက်လိုက်တို့အပြေးတက် ဖြင့် အလိုက်သိတတ်ရသော ဂိတ်များ၊ ကတ္တရာလမ်းပေါ်တွင် Slow Down လုပ် ထားသောဂိတ်များ၊ လက်ပြထားသော ဂိတ်၊ ဦးထုပ်သာချထားသောဂိတ်စသည် ဖြင့် ပုံစံအမျိုးမျိုးရှိတတ်ကြသည်။ ၎င်း အပြင်အကြောင်းပြချက်များကလည်း တံတားဖြတ်သန်းဂိတ်၊ လမ်းအသုံးပြုခဂိတ်၊ မြို့ဝင်ကြေးဂိတ်၊ အချိန်သိမ်းဂိတ်  ဘုရားပွဲတော်ရန်ပုံငွေဂိတ်များဖြစ်လေသည်။ ထို့အပြင် ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်ကြသော ဘုရားဖူးရာသီကာ လများတွင်အကြောင်းအမျိုးမျိုးပြလျက်  သာသနာ့အလံအားအလွဲသုံးစားပြုကာ ဂိတ်ဆန်ဆန်အလှူခံမဏ္ဍပ်များလည်းရှိ သေးသည်။
ထိုထိုသောနိုင်ငံအတွင်းရှိဂိတ်များ တွင် ငွေကောက်ခံခွင့်ရကုမ္ပဏီ (သို့မဟုတ်) လေလံအောင်မြင်ထားသူမှ ငှားရမ်းခန့်  အပ်ထားသောဝန်ထမ်းများရှိသည်။ ထိုဝန်ထမ်းတို့တွင် တချို့ကားတူညီဝတ်စုံ  ၀တ်လျက်၊ တချို့ကားမပြောတတ်၊ မဆို တတ်၊ မဆက်ဆံတတ်ဂိတ်ကြေးရလျှင် ပြီးရောဆိုသည့်သဘောဖြင့် ဆက်ဆံတတ်  ကြသည်။ လေလံရထားသော ကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂလိကကလည်းလေလံဖိုး  ကြေအောင်၊ သီးခြားပေးကမ်းထားရသော   စရိတ်ကြေအောင်၊ ဂါရ၀ကြေးများကြေ အောင်အဆောက်အဦးနှင့် ၀န်ထမ်းငှား ရမ်းခများကြေအောင်၊ ဧည့်ခံစရိတ်များ ကာမိအောင်အမြတ်များများကျန်အောင်  ကားများထံမှ ငွေတောင်းရတော့၏။
ဆရာလယ်တွင်းသားစောချစ်က သူ၏ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်စာအုပ် တွင် အိန်္ဒိယပြည်အတွင်းဘုရားဖူးကား လမ်းတစ်လျှောက်ဂိတ်များရှိသော်လည်း   ယာဉ်မောင်းများမှ ဂိတ်ကြေးများပေး  ဆောင်ရသည်ကို မတွေ့မိကြောင်းမည်သို့ စီမံဆောင်ရွက်ထားသည်ကို မသိကြောင်း   ဆရာက သူ၏အတွေ့အကြုံရေးသားထား   သည်ကို ဖတ်ဖူးခဲ့၍ မှတ်သားထားမိပါ သည်။ ယခုဝင်လာသောမော်ဒယ်မြင့်ကား  များတွင် ၎င်းတို့နိုင်ငံ၏ဂိတ်မှ ကားဖြတ် ပါက ကြိုတင်ငွေသွင်းထားသည့် ကား တွင်ပါသော ကဒ်အား Card Reader  ဖြင့် ဖတ်၍ ငွေဖြတ်တောက်သွားသည်ဟုသိ ရလည်း အော်ခေတ်မီလေစွတကား၊ ထိုသိုသောမောင်တင့်တို့နိုင်ငံအတွင်းရှိ ဂိတ်များကို ဖြတ်သန်းရာတွင် ဂိတ်ကြေး   ဖြတ်ပိုင်းပေးသော ဂိတ်လည်းရှိသလို မပေးသော ဂိတ်များလည်းရှိ၏။ ကုမ္ပဏီ  ကားများဆိုလျှင်တော့ ဖြတ်ပိုင်းကိုရအောင် တောင်းယူရ၏။
ထိုပြေစာဖြတ်ပိုင်းရမှသာ ကုမ္ပဏီ နှင့် ငွေစာရင်းရှင်းရ အဆင်ပြေသည်။  ယာဉ်မောင်းမှ “ပြေစာပေးပါ” ဟုဆိုမှသာ “ဟေ့ပြေစာပေးမယ်ဟေ့”ဟု အော်ပြော  သောဂိတ်များကိုကြုံဖူးပါသည်။ အမှန် မှာ ဂိတ်မှတ်သမျှကားအမျိုးအစားနှင့်  ကားနံပါတ်ကို ကြိုတင်မှတ်သားထားပြီး  ပြေစာတောင်းသည်ဖြစ်စေ၊ မတောင်း သည်ဖြစ်စေပေးရမည်ဖြစ်ပေသည်။ ဂိတ်၏တာဝန်ဖြစ်သည်။
ကျွန်တော် ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီ လ ၁၈ ရက်နေ့တွင် ကုမ္ပဏီတာဝန်ဖြင့် ခရီးသွားရင်းမကွေး၊ မင်းဘူး၊ ပဒါန်းမှ တဆင့်ရွှေစက်တော်ဘုရားသို့ဘုရားဖူး ရောက်ခဲ့ပါသည်။ ဧရာဝတီတံတား (မကွေး) ကို ဖြတ်ကျော်ပြီးပါက မင်းဘူး  ဘက်ကမ်းတွင် ဂိတ်တစ်ခုကို ဖြတ်ရသည်။  ထိုဂိတ်တွင် ငွေ ၅၀၀ ကျပ်တောင်းသဖြင့်   ပေးလိုက်ရာပြေစာနှစ်ရွက်ပြန်ပေးပါသည်။   တစ်ရွက်မှာ ငှက်ပျော်ညွှန့်ရောင်ဖြတ်ပိုင်း ပေါ်တွင် “ကောင်းမွန် (မကွေး) ဆောက် လုပ်ရေးကုမ္ပဏီဧရာဝတံတား (“က” အဆင့်စီမံကိန်းဝင်) တံတားအသုံးပြုပြေစာ” ခေါင်းစဉ်ဖြင့် ထော်လာဂျီ (ဒိန်းဒေါင်)၊ ဆလွန်း၊ ဗင် ၂ တန်အောက် ၃၀၀ ကျော်  ဟုရေးသားဖော်ပြထားလေသည်းနောက် ပြေစာတစ်ရွက်မှာ အဖြူရောင်ဖြစ်၍ “မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့ဝင်ဘီးခွန်ကောက်ပြေစာ” ၂ တန် အောက်ယာဉ် ၂၀၀ ကျပ်ဟုရေးသား ဖော်ပြထားပေသည်။
ထိုဂိတ်ကြေး ၅၀၀ ကျပ်၏ အဓိပ္ပာယ်  ၏ ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီနှင့် မင်းဘူး/မကွေးစည်ပင်သာယာရေးအဖွဲ့ များပေါင်းစပ်ထားမှုကြောင့် စုပေါင်း၍   တစ်ကြိမ်တည်းကောက်ခံခြင်းဖြစ်သည်။   မင်းဘူးဘက်ကမ်းမှ မကွေးသို့အပြန်ခရီး  စဉ်တွင်လည်း ဧရာဝတီတံတား (မကွေး) ဖြတ်ခ ၃၀၀ ကျပ်နှင့် မကွေးမြို့ဝင်ကြေး ၂၀၀ ကျပ်ကိုလည်း ထိုဂိတ်မှပင် စုပေါင်း ၍ ကောက်ခံလေသည်။
သို့သော် ပဒါန်း၊ ရွှေစက်တော်ဘက် မှလာပြီး မင်းဘူးမြို့အ၀င် (၂ ဖိုင် ၁ ဖာ လုံ) မိုင်တိုင်အနီးတွင် ဂိတ် ၂ ခုရှိပါသည်။  ပထမဂိတ်မှာ စည်ပင်သာယာရေးအဖွဲ့မှ  မင်းဘူးမြို့ဟုပြေစာစာရွက်အဖြူပေါ်တွင် ရေးသားထားပြီး မြို့ဝင်ဘီးခွန်ပြေစာ ၂၀၀ ကျပ်ကောက်ခံပါသည်။ ယူနီဖောင်း ၀တ်တာဝန်ကျဝန်းထမ်းကို ဘယ်ကုမ္ပဏီ  လဲမေးသောအခါ “ကောင်းမွန်ကုမ္ပဏီ” ဟု  ဖြေပါသည်။ ထိုမှကား ဘီးဆက်လှိမ့်ပြီး ပေ ၂၀ ခန့်ရောက်သောအခါ ဒုတိယ ဂိတ်ကိုရောက်ပါသည်။ ပြေစာဖြတ်ပိုင်း တောင်းယူသောအခါ အပြာရောင်စာရွက်  ငယ်ပေါ်တွင် “မင်းဘူး (၁) ဂိတ်လမ်း အသုံးပြုခမင်းဘူး၊ ပဒါန်း ၃၁ မိုင်” ယာဉ် အမှတ်နှင့် ရက်စွဲရေးထားပြီး လမ်းဂိတ် ကျသင့် ၂၀၀ ကျပ်ဟုရေးသားထားပါ သည်။ ကျွန်တော်ထိုဂိတ်တွင် ကားရပ်ပြီး  ကားအောက်ဆင်း၍ ဂိတ်တွင် သေသေ ချာချာမေးပါသည်။ လေလံအောင်ထား သော ပုဂ္ဂလိက ဂိတ်ဟုဖြေပါသည်။ လေလံအောင်ထားသူအမည်သိပါရစေ ဟုမေးသောအခါ ဂိတ်ရုံးအတွင်း စာရေး မမှ ဦးအောင်ကျော်တိုးဟုဖြေပါသည်။  နားအကြားလွဲနိုင်သဖြင့် (အမည်အနည်း ငယ်လွဲနိုင်ပါသည်။) ကောင်းမွန်ကုမ္ပဏီ နှင့် ဦးအောင်ကျော်တိုးပူးပေါင်းဆောင် ရွက်မှုမရှိကြောင်း ထင်ရှားပါသည်။
ကျွန်တော်ကုမ္ပဏီတာဝန်ဖြင့် မင်းဘူး  မြို့ထဲမှ ပဒါန်းဘက်သို့တစ်ရက်တွင် ၃ ခေါက်၊ ၄ ခေါက်အသွားအပြန်လုပ်ရာ ထိုမင်းဘူးမြို့ဝင်ဂိတ်ကြေးကို ပထမ ၃ ရက်တွင် တစ်ကြိမ်ဝင်တိုင်း ၂၀၀ ကျပ် ပေးရပါသည်။ ကျွန်တော်မှ ကားအောက်  ဆင်း၍စည်းကမ်းချက်များ ဈေးနှုန်းများ ဖတ်ပြီး စပ်စုသောအခါတွင်းမှ ဖေဖော်ဝါ ရီ ၂၀ ရက်မှ စ၍အ၀င်တခေါက်စာသာ  ကောက်ပါသည်။ နောက်အ၀င်အခေါက် များအတွက် မကောက်တော့ပါ။ ထိုကဲ့သို့  မသိနားမလည်သော သူများအပေါ်မည်မျှ   ရိုက်စားလုပ်နေခဲ့ပါသနည်း။
ပြည်သူများအနေဖြင့် ဧရာဝတီတံတား  အနောက်ဘက်ခြမ်းမင်းဘူးအ၀င်ဂိတ်ကြေး  ၅၀၀ ကဲ့သို့တံတားကြေးနှင့် မြို့ဝင်ကြေး  ပေါင်း၍ ကောက်ခံသောအခါ အမြင့်တင့်  တယ်ပါသည်။ ကားသည်တခါသာရပ်ရ ပါသည်။ စီမံခန့်ခွဲမှုကောင်းမွန်ရာရောက်  ပါသည်။ ငွေပေးရသည့်ဆိုင်ကယ်ကား များပေးပျော်ပါသည်။ ပဒါန်းဘက်မှလာ သော မင်းဘူးအ၀င်ဂိတ်မှာမူ ပေ ၂၀ သာ ကွာဝေးသော အကွာအဝေးအတွင်း    ဂိတ် ၂ ဂိတ်ဖြစ်နေသည်။ ကြာလာတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ပြည်သူများငြိုငြင်စရာဖြစ်လာသည်။ ဒေသဆိုင်ရာအာဏာပိုင်များ၊ မကွေးတိုင်း  နှင့် မင်းဘူးခရိုင်ရှိအုပ်ချုပ်မှုတာဝန်ရှိသူ များ စီမံခန့်ခွဲမှုအားနည်းရာရောက်ပါသည်။  နိုင်ငံခြားသားများ အမြင်တွင် မတင့်တယ်  သည့်အပြင် ပြည်သူများမှလက်ရှိအစိုးရ  အပေါ်ယုံကြည်ကိုးစားမှုအားနည်းလာပြီး  အထင်အမြင်သေးနိုင်ပါသည်။
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ပြည်သူ လူထု၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးလုပ်ငန်း  များမှ အခွန်၊ အခ၊ အကောက်၊ အကြေး  တို့ဖြင့် အစိုးရတစ်ခုရပ်သည်ဟုဆိုသည်  မှာ အငြင်းမပွားလိုပါပေသို့သော်ပြည်သူ  သံသယရှင်းဖို့လိုပါသည်။ ပြည်သူမငြိုငြင်  ဖို့လိုပါသည်။One Stop Service ဖြင့် ပြည်သူအချိန်ကုန်ငွေကုန်လူသက်သာ အောင်လုပ်နေသောခေတ်တွင် မင်းဘူး မြို့အ၀င်ဂိတ်သည်မည်သည့်အတွက် ပေ ၂၀ အတွင်း Two Stop Service ဖြစ်နေ ရသနည်းမောင်တင့်အပါအ၀င်ပြည်သူ များသိချင်စမ်းပါဘိ၊ ကျွန်တော့်အနေဖြင့်  “ပေ ၂၀ ဂိတ် ၂ ဂိတ်နှင့် ငွေ ၄၀၀ ကျပ်   (သို့မဟုတ်) ပေါင်းစပ်ညှိနှိုင်းပေးမှုအား နည်းနေခြင်း”ဟု ဆိုချင်ပါတော့သည်။


လှတင့်ဆွေ (ပိန်းဇလုပ်)
HotNewsJournal

No comments:

Post a Comment