Wednesday, March 20, 2013

မကြာမီလာမည့် ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချပေးမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

မကြာမီလာမည့် ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချပေးမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး
Wednesday, March 20, 2013

ဧပြီလ ၁ ရက်၌ စတင်၍ အထူးနှုန်းဖြင့် ချထားပေးမည့် ဖုန်းများအား မည်သို့ရောင်းချပေးမည်ဆိုသည်ကို ယနေ့အချိန်အထိ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

''ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေး ဘူး။ အထက်လူကြီးတွေ ဆုံးဖြတ်ပြီးမှသိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသ လောက်ရောင်းမလားဆိုတာ မသိဘူး။ ကျွန်တော်တို့ကတော့ အထက်က ခိုင်းတာပဲ လုပ်ရတာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတစ်ဦးက ပြောသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ကျပ်ထောင်ဂဏန်းသာရှိမည့် နှုန်းထားဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်း များရောင်းချပေးမည်ဟု ပြောကြားထားသည်။

အဆိုပါ သတင်းများကြောင့် ဖုန်းဝယ်ယူချင်သူအချို့မှ အလွယ်တကူ ဖုန်းဝယ်ယူခွင့်မရမည်ကို စိုးရိမ်နေသည့်အပြင် တစ်ဆင့်ပြန်ရောင်း မည့် မိုဘိုင်းဟန်းဆက် အရောင်းဆိုင်များမှာလည်း ရောင်းခွင့်မရမည်ကို အလားတူ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

''သမဝါယမမှာ ဆန်၊ ဆီ ဝယ်ရသလို တန်းစီရမယ့်အခြေအနေ ထပ်ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ကြိမ် ဖုန်းဝယ်ရမှာ နှစ်သိန်းဖုန်းဝယ်ရသလို မျိုးထက် ပိုပြီးခက်ခဲမယ် ထင်တယ်။ မှောင်ခိုဈေးကွက်လည်း ရှိလာနိုင်တယ်။ ကျွန်တော်တို့သုံးချင်တဲ့ သူတွေကတော့ ဘယ်လိုပဲ တန်းစီပြီး ရောင်းပေး ပါစေ အလုံးရေမကန့်သတ်ဘဲ ရောင်းပေး စေချင်တယ်။ တန်းစီပြီး ဖုန်းဝယ် ရမယ့်အဖြစ်ကို ထပ်ပြီး မကြုံစေချင်ပါဘူး''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ကိုသိန်းသန်းဦးက ပြောသည်။

ယင်းအပြင် ပုဇွန်တောင်မြို့နယ် မှ Htoo မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်ကလည်း ဆင်းကတ်များအားဈေးနှုန်း မြှင့်တင်ရောင်းရခြင်းမှာ ကတ်အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိသည့် အတွက်ဖြစ်ကြောင်း အလွယ်တကူ ဝယ်ယူရောင်း ချခွင့် ရရှိမည်ဆိုပါက ဈေးနှုန်းမြှင့်တင် ရောင်းချကြမည် မဟုတ်ဟု ပြောသည်။

PN-052
Popular Myanmar News Journal ဧပြီလ ၁ ရက်၌ စတင်၍ အထူးနှုန်းဖြင့် ချထားပေးမည့် ဖုန်းများအား မည်သို့ရောင်းချပေးမည် ဆိုသည်ကို ယနေ့အချိန်အထိ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
''ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေးဘူး။ အထက်လူကြီးတွေ ဆုံးဖြတ်ပြီးမှသိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသ လောက်ရောင်း မလားဆိုတာမသိဘူး။ ကျွန်တော်တို့ကတော့ အထက်ကခိုင်းတာပဲ လုပ်ရတာပါ''ဟု မြန်မာ့ ဆက်သွယ်ရေး မှ အရာရှိတစ်ဦးက ပြောသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ကျပ်ထောင်ဂဏန်းသာရှိမည့် နှုန်းထားဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်း များရောင်းချပေးမည်ဟု ပြောကြားထားသည်။

အဆိုပါ သတင်းများကြောင့် ဖုန်းဝယ်ယူချင်သူအချို့မှ အလွယ်တကူ ဖုန်းဝယ်ယူခွင့်မရမည်ကို စိုးရိမ်နေ သည့်အပြင် တစ်ဆင့်ပြန်ရောင်း မည့် မိုဘိုင်းဟန်းဆက် အရောင်းဆိုင်များမှာလည်း ရောင်းခွင့်မရမည်ကို အလားတူ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

''သမဝါယမမှာ ဆန်၊ ဆီဝယ်ရသလို တန်းစီရမယ့်အခြေအနေ ထပ်ဖြစ်မယ်ထင်ပါတယ်။ ဒီတစ်ကြိမ် ဖုန်းဝယ်ရမှာ နှစ်သိန်းဖုန်းဝယ်ရသလိုမျိုးထက်ပိုပြီးခက်ခဲမယ် ထင်တယ်။ မှောင်ခိုဈေးကွက်လည်း ရှိလာနိုင်တယ်။ ကျွန်တော်တို့သုံးချင်တဲ့ သူတွေကတော့ ဘယ်လိုပဲ တန်းစီပြီး ရောင်းပေး ပါစေ အလုံးရေမကန့်သတ်ဘဲ ရောင်းပေး စေချင်တယ်။ တန်းစီပြီး ဖုန်းဝယ် ရမယ့်အဖြစ်ကို ထပ်ပြီး မကြုံစေချင် ပါဘူး''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ကိုသိန်းသန်းဦးက ပြောသည်။

ယင်းအပြင် ပုဇွန်တောင်မြို့နယ် မှ Htoo မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်ကလည်း ဆင်းကတ်များ အားဈေးနှုန်း မြှင့်တင်ရောင်းရခြင်းမှာ ကတ်အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိသည့် အတွက်ဖြစ်ကြောင်း အလွယ်တကူ ဝယ်ယူရောင်း ချခွင့် ရရှိမည်ဆိုပါက ဈေးနှုန်းမြှင့်တင် ရောင်းချကြမည် မဟုတ်ဟု ပြော သည်။

PN-052
Popular Myanmar News Journal

No comments:

Post a Comment