Tuesday, March 26, 2013

သင့်ကြောင့် လူမျိုးရေး ပြဿနာ မဖြစ်ပွားစေနဲ့


ယခုတလော မြန်မာပြည် ရှိ မြို့တစ်ချို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘသာရေး ပြဿနာ အချို့ကို ဖြေရှင်း တာဆီးရန် မြန်မာနိုင်ငံသား တိုင်းတွင် တာဝန်ရှိပါသည်။
အဆိုပါ ပြဿနာ ဖြစ်ပွားပါက နိုင်ငံတာကာတွင် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်သာမက တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကိုပါ ထိခိုက်နိုင်ပါသည်။
အထက်ပါ ပြဿနာ များ ဖြစ်ပွားမည်ဆိုလျှင် ပြည်သူတို့၏(မည်သည့် ဘာသာဝင်မဆို) အသက်အိုးအိမ် စည်စိမ် ဥစ္စာများ ပျက်စီး မည်ဖြစ်သည်ကို မိထ္ထီလာ ပြဿနာက ပြသနေပါသည်။ပြည်သူများ အိပ်ကောင်းခြင်း မအိပ်ရ၊ ကျီးလန့်ဆန်စားဖြစ်မည်ဖြစ်သည်။
ထို့ကြောင့် လူမျိုးရေး၊ဘသာရေး ပြဿနာ များ မဖြစ်ပွားအောင် ခံစားချက် ပေါက်ကွဲလွဲသော လူငယ် လူရွယ်များကို မိသားစု လိုက် ထိန်းသိမ်းရန်လိုပါသည်။
ပြဿနာများ ဖြစ်ပွားလာပါက လူမျိုးရေး ဘာသာရေးကို အကြောင်းပြကာ
တော်မီးလောင် တောကြောင် လက်ခမောင်း ခတ်ဆိုသလို ခိုးဆိုး လုယက်သူများအန္တရယ်ကို မည်သည့် လူမျိုး၊မည်သည့် ဘာသာဝင်မဆို ကြုံတွေ့ရမည်ဖြစ်သည်။

ယခုလို ပြဿနာ များဖြစ်ပွားခြင်းသည် မည်သူ့ကြောင့်၊ မည်သည့် အဖွဲ့ အစည်းကြောင့်၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့က အချိန်မှီ မထိန်းသိမ်းလို့ဆိုသည့် ၈၈ ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင် ကဲ့သို့ အထောက်အထားမဲ့ ပရမ်းပတာ ပြောဆိုခြင်းသည် ပြဿနာ ဖြေရှင်းခြင်း မဟုတ်ပေ။

ယခုဖြစ်ပွားနေသော ပြသာနာများ ပြီးဆုံးသွားရန် နှင့် နောက်နောင် ထပ်မံမဖြစ်ပွားရန် အတွက် ဖြေရှင်းနည်းမှာ မြန်မာ နိုင်ငံသားတိုင်းအနေဖြင့်(လူမျိုးဘာသာမရွေး)
Facebook အသုံးပြုရာတွင် လည်းကောင်း၊ ပြည်ပတွင် ပြောဆိုရတွင်လည်းကောင်း အခြေအမြစ် မရှိသော ကောလဟာလ သတင်းများကို မဖြန့်ဖြူးမိစေရန်နှင့် ငြိမ်းချမ်းခြင်းကို ဦးတည်သော၊ အခြားသာသာနှင့် လူမျိုးကို မထိခိုက်သော
ပြောဆိုရေးသားခြင်းမျိုးသာ ပြုလုပ်သင့်ကြောင့် မြန်မာ့သားကောင်း မီဒီယာ အဖွဲ့သားများမှ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မြန်မာ့ သားကောင်းမီဒီယာ

No comments:

Post a Comment