အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ
ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ
ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင်ပြောကြားသည်။ “ကျွန်မတို့ အသင်း က ပြည်သူတွေ စားသုံးဖို့မသင့်တဲ့
အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေပါသည်။ အခု နောက်ဆုံး စစ်ဆေး
တွေ့ရှိ ချက်တွေ အရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ် ဆိုတာ ကို တွေ့ရတယ်။
မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများ က ပေါင်း မထားပါဘူး။ ၀ါးပင်ကိုခုတ်ပြီး ထွက်လာတဲ့ဝါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီးသုံးတာ ဖြစ်တယ်။
ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့
မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှိုတွေကို စားသလို ဖြစ်သွားနိုင်တယ်။
အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်သားတူ၊
စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင်
ကင်ဆာဖြစ်နိုင်တာတွေရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက
ပြောကြားသည်။ အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ
ဝါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်းမရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံးတူများသည်
ဈေးကွက်သို့ ရောက်ရှိရန်အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့်
အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး
ဖြစ်ကြောင်းသိရသည်။ အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့်
မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်းသိရသည်။ ထို့ကြောင့်
ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ
မြင့်တက် လာခြင်းသည် ၀ါးတူအသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
(ပြည်မြန်မာ ဂျာနယ်)
(ပြည်မြန်မာ ဂျာနယ်)
No comments:
Post a Comment