Wednesday, March 27, 2013

( ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်း အနား မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)

( ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်း အနား မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)


ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော် သည် နိုင်ငံတော် အတွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် နဲ့ ဆောင်ရွက် ခဲ့ကြတာဖြစ်တယ်။ 

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သ လို နောင် လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××

မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါး မယ်။ ပြည်ထောင်စုပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည်စည်းလုံး မှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိပါးစေမယ့် လုပ်ဆောင်မှု တွေကို ပြုလုပ်မယ်ဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ ဒို့ တပ်မတော်က ကာကွယ်သွားမှာပဲဖြစ်တယ်။ ××× 

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးနဲ့ လိုက် နာဆောင် ရွက်နိုင်ရေးအတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနဲ့ အတူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။××

နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေ ကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေချင် ပါတယ်။××

မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင်သွားကြရမယ်။ ×× ဒို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေ စီနိုင်ငံပေါ် ထွန်းရေး ကို လိုလားတယ်။ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေ ကို ပြည်သူပြည်သား တွေနဲ့ အတူ ဒို့တပ်မတော်သားတွေလည်း ခံစားကြရမှာဖြစ်တယ်။ ×××

ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထု က ရွေးချယ် တင်မြှောက် ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရတည်ငြိမ်းအေး ချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ တာဝန်ကျရာအခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်။ ××

ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာ ဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် ဒို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူတယ်။××× လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။ ××

လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းရမယ်×× 

U Ye Htut ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် နဲ့ ဆောင် ရွက်ခဲ့ကြတာဖြစ်တယ်။
နိုင်ငံတော်ဟာဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သ လို နောင် လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××

မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုထိပါးမယ်။ ပြည်ထောင်စုပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည်စည်းလုံး မှုကိုပြိုကွဲစေမယ်၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိပါးစေမယ့် လုပ်ဆောင်မှု တွေကို ပြုလုပ်မယ်ဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ ဒို့ တပ်မတော်က ကာကွယ်သွားမှာပဲဖြစ်တယ်။ ×××

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးနဲ့ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနဲ့ အတူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။××

နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေချင်ပါတယ်။××

မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင်သွားကြရမယ်။ ×× ဒို့တပ်မတော်အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေ စီနိုင်ငံပေါ် ထွန်းရေးကို လိုလားတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေကို ပြည်သူပြည်သား တွေနဲ့အတူ ဒို့တပ်မတော်သားတွေလည်း ခံစားကြ ရမှာဖြစ်တယ်။ ×××

ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင် တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ တာဝန်ကျရာ အခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်။ ××

ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ပတ်သက်ပြီး သိရှိလိုက်နာဖို့ လေ့ကျင့်သင်ကြားပေး လျှက်ရှိတာကြောင့် ဒို့တပ်မတော်ဟာ ဘယ်လိုစစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက် ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော်စည်းမျဉ်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေး ယူတယ်။ ××× လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝ မရှိကြောင်း ပြောကြားလိုတယ်။ ××

လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းရမယ်×× 
U Ye Htut
 Kachin Daily News


No comments:

Post a Comment