၁) သင်တစ်ခါနှာချေလိုက်တိုင်း ရောဂါပိုးမွှားပေါင်း 100000 (တစ်သိန်း) လောက်ဟာ လေထဲကို ပျံ့နှံ့သွားပါတယ်...
၂) လူသုံးယောက်မှာ တစ်ယောက်ဟာ နေရောင်ကို ကြည့်ရင် နှာချေ ပါတယ်... ဒါဟာမျိုးရိုးဗီဇအရ အလင်းရောင်ရဲ့ လှုံ့ဆော် မှုကြောင့် နှာချေနိုင်ခြင်းဖြစ်ပါတယ်...
၃) အားကစားပြုလုပ်ချိန်မှာလည်း နှာချေနိုင်ပါတယ်.... ဒါဟာ နှာခေါင်းတွင်းမှာရှိတဲ့ အညစ် အကြေးတွေကို ရှင်းထုတ်ပြီး လေကောင်းလေသန့်ရရှိအောင် အလိုအလျောက် လုပ်ဆောင် တာဖြစ် ပါတယ်...
၎) မျက်ခုံးမွေးနုတ်တဲ့အခါမှာလည်း နှာချေနိုင်ပါတယ်... မျက်နှာပေါ်က အမွေးတစ်ပင်ပင်ကို ဆွဲနုတ် လိုက်တဲ့အခါ နှာချေတာကိုဖြစ်စေတဲ့ အာရုံကြောကို နှိုးဆွလိုက်သလိုဖြစ်သွားလို့ပါပဲ...
၅) နှာချေတဲ့အချိန်မှာ နှလုံးခုန်တာရပ်သွားတယ်လို့ပြောကြတာ သင်ကြားဖူးပါလိမ့်မယ်... တကယ်တော့ နှာချေလိုက်တဲ့အခါမှာ ရင်ဘတ်အတွင်းက ဖိအားဟာပြောင်းလဲ သွားတဲ့ အတွက် နှလုံး ခုန်တာကို သတိမမူမိနိုင်အောင်ဖြစ်သွားတာပါပဲ....
၆) နှာတစ်ခါချေလိုက်တဲ့အခါမှာ ရောဂါပိုးမွှားပေါင်း တစ်သိန်းကို တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ တွန်းလွှတ် လိုက်ပါတယ်... ဒါကြောင့် တုပ်ကွေးလိုရောဂါမျိုးဟာ အလျင်အမြန်ပျံ့နှံ့တတ်တာဖြစ်ပါတယ်...
၇) အင်္ဂလန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ၃ နှစ်နီးပါး နှာဆက်တိုက်ချေပြီး ကမ္ဘာ့အချိန်အကြာ ဆုံးနှာချေသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...
၈) နှာချေတာဟာ ကိုယ်ခန္ဓာရဲ့ ကာကွယ်မှုစနစ်အလုပ်လုပ်ဆောင်တာပါပဲ... သင့်နှာခေါင်းထဲကို တစ်ခုခု ဝင်တဲ့အခါမှာ ဦးနှောက်ကနေ နှာချေဖို့လုပ်ဆောင်သွားပါတယ်...
၉) နှာချေပုံအဆင့်ဆင့်ကတော့ ဦးနှောက်ကနှာချေဖို့လှုံ့ဆော်လိုက်တာနဲ့ အဲ့ဒီလှုံ့ဆော်မှုတွေဟာ သင့်ရဲ့လည်ချောင်း၊ မျက်လုံးနဲ့ ပါးစပ်တို့ဆီအလျင်အမြန်ရောက်သွားပါတယ်... ပြီးတော့ သင့်ရင်ဘတ် ကြွက်သားက ကျုံ့သွားပြီး လည်ချောင်းကြွက်သားက ချောင်လာပါတယ်... ပြီးတော့ နှာချေတော့ တာပါပဲ...
၁၀) နှာချေခြင်းဟာ ကျွန်တော်တို့ရဲ့ အာရုံကြောတွေရဲ့တုံ့ပြန်မှုပေါ်မူတည်နေသလို ဦးနှောက်က ပထမဆုံးလုပ်ဆောင်ပေးတာလည်းဖြစ်ပါတယ်... ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ ဘာမှမလုပ်ဆောင်ခင် ကတည်းက အာရုံကြောအတွင်းမှာ နှာချေဖို့အရင်ဆုံးလုပ်ဆောင်နေကြရပါတယ်...
၁၁) နှာချေတဲ့အခါ မကြာခဏ အကြိမ်အနည်းငယ်ဆက်တိုက်ချေတတ်ကြပါတယ်... ဘာကြောင့်လဲ ဆိုတော့ နှာခေါင်းထဲကိုတစ်ခုခုဝင်တာနဲ့ ဦးနှောက်က အဲ့ဒီအရာကို ဖယ်ထုတ် ပစ်ဖို့ နှာချေစေ ပါတယ်... နှာခေါင်းတွင်းမရှင်းလင်းသေးဘူးလို့ ဦးနှောက်က လက်ခံနေ သရွေ့ နှာဆက် တိုက်ချေနေ မှာဖြစ်ပါတယ်...
၁၂) ရှာဖွေတွေ့ရှိချက်အသစ်တစ်ခုကဆိုထားတာကတော့ နှာချေတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းအောင်ပြုလုပ်ဖို့ ကြိုးစားတာလို့ဆိုပါတယ်... အီလက်ထရောနစ် ပစ္စည်းတွေကို reboot လုပ်ပေးရသလို ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း refresh ဒါမှမဟုတ် reboot လုပ်ဖို့နည်းလမ်းတစ်ရပ်အနေနဲ့ နှာချေတယ်လို့ဆိုပါတယ်...
၁၃) ကျွန်တော်တို့ အိပ်စက်အနားယူတဲ့အခါမှာ နှာချေဖို့လုပ်ဆောင်ပေးတဲ့ အာရုံကြောတွေကလည်း အနားယူပါတယ်... ဒါကြောင့် အိပ်နေတဲ့အချိန် နှာမချေဘူးလို့ဆိုကြတာပါပဲ...
၁၄) နှာချေလို့ထွက်လာတဲ့ အမှုန်အမွှားတွေဟာ သုံးပေအထိရောက်ပါတယ်... ဒါကြောင့် လူစည် ကားရာနေရာတွေမှာ နှာချေရင် သင့်နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်ထားဖို့မမေ့ပါနဲ့...
၁၅) တစ်ချို့လူတွေနှာချေတဲ့အခါမှာ အသံကျယ်ပြီး တစ်ချို့ကျတော့တိုးပါတယ်... ဘာအပေါ်မူတည်ပြီး ကွာခြားသလဲဆိုတော့ လေပမာဏဘယ်လောက်ဟာ ဘယ်လောက်အလျင်နှုန်းနဲ့ သင့်နှာခေါင်း ကို ဖြတ်ထွက်သွားတယ်ဆိုတာပေါ်မှာ မူတည်ပြီး နှာချေတဲ့အသံအမျိုးမျိုး ထွက်ပေါ်နေတာဖြစ်ပါတယ်...
Ref: dailypix.me
နှိုင်းရင့်နွေ
No comments:
Post a Comment