Friday, March 29, 2013

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ (မတ်လ ၂၉ ရက်နေ့) နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရ

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ (မတ်လ ၂၉ ရက်နေ့) နံနက်ပိုင်းကနေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအပြီး ထုတ်ပြန်ချက်များအရ တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်း Sim Card များကို ဧပြီလမှ စတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏အစီအမံဖြင့် တစ်လလျှင် Sim Card (၃၅၀၀၀၀) နှုန်းဖြင့် ဖြန့်ဖြူးပေးမည်ဟု သိရသည်။ ရောင်းချမည့် ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပဲ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ရောင်းချမည့် အစီအစဉ်၊ လက်ရှိ အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို မီဒီယာများမှ တစ်ဆင့် အသိပေး တင်ပြမည် ဖြစ်ကြောင်း သိရသည်။
From...Eleven

No comments:

Post a Comment