Friday, April 26, 2013

အမေရိကန်ပြည်ထောင်စုမှ 3D Printers များကို မိတ်ဆက်ပြသခဲ့




Photo: အမေရိကန်ပြည်ထောင်စုမှ 3D Printers များကို မိတ်ဆက်ပြသခဲ့
FRIDAY, APRIL 26, 2013

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 3D Printers တွေကို  နယူးယောက်ခ်မြို့မှာ ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တဲ့

နိုင်ငံတကာ စက်မှုပစ္စည်းဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြပွဲအတွင်း 3D Printers  ထုတ်လုပ်သူကုမ္ပဏီ ၁၈ခု ပါဝင်ပြသခဲ့ပါတယ်။ ၀င်ရောက်ပြသခဲ့တဲ့ နောက်ဆုံးပေါ် 3D Printers တွေဟာ ကွန်ပျူတာ အချက်အလက်တွေကို အခြေပြုပြီး ကော်၊ သတ္တုနဲ့အခြားပစ္စည်းတွေကို သုံးဖက်မြင်ပစ်္စည်းအဖြစ် ဖန်တီး ပြုလုပ်ပေးနိုင်ပါတယ်။

 

အခုလို ဖန်တီးပြုလုပ်ပေးတဲ့ 3D Printers  ရဲ့ လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေဟာ စာရွက်ပေါ်မှာ ရုပ်ပုံတွေကို ပုံနှိပ်ထုတ်လုပ်တဲ့ သဘောတရားနဲ့ တူညီကြောင်း သိရပါတယ်။ ပြပွဲမှာပြသထားတဲ့ 3D Printers တွေဟာ စမတ်ဖုန်းအပါအ၀င် အခြား ပလက်စတစ် အရုပ်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးပြုလုပ်နိုင်ဖို့အတွက် ၃နာရီခန့် အချိန်ယူ လုပ်ဆောင်ရကြောင်း သိရပါတယ်။ 3D Printers တွေဟာ လိုချင်တဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ရုံသာမက တန်ဖိုးပမာဏ ကြီးမားတဲ့ ပုံစံခွက်တွေကို အသုံးပြုစရာ မလိုတဲ့အတွက် ပစ္စည်းထုတ်လုပ်ရာ ကုန်ကျစရိတ်တန်ဖိုးကို လျော့ချနိုင်ကြောင်း သိရပါတယ်။ အချို့ဆေးပညာဆိုင်ရာ ကိရိယာ ထုတ်လုပ်ရာမှာလည်း 3D Printers  တွေကို စတင်အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
mrtv4
နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 3D Printers တွေကို နယူးယောက်ခ်မြို့မှာ ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စက်မှုပစ္စည်းဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြပွဲအတွင်း 3D Printers ထုတ်လုပ်သူကုမ္ပဏီ ၁၈ခု ပါဝင်ပြသခဲ့ပါတယ်။ ၀င်ရောက်ပြသခဲ့တဲ့ နောက်ဆုံးပေါ် 3D Printers တွေဟာ ကွန်ပျူတာ အချက်အလက်တွေကို အခြေပြုပြီး ကော်၊ သတ္တုနဲ့အခြားပစ္စည်းတွေကို သုံးဖက်မြင်ပစ်္စည်းအဖြစ် ဖန်တီး ပြုလုပ်ပေးနိုင်ပါတယ်။


အခုလို ဖန်တီးပြုလုပ်ပေးတဲ့ 3D Printers ရဲ့ လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေဟာ စာရွက်ပေါ်မှာ ရုပ်ပုံတွေကို ပုံနှိပ်ထုတ်လုပ်တဲ့ သဘောတရားနဲ့ တူညီကြောင်း သိရပါတယ်။ ပြပွဲမှာပြသထားတဲ့ 3D Printers တွေဟာ စမတ်ဖုန်းအပါအ၀င် အခြား ပလက်စတစ် အရုပ်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးပြုလုပ်နိုင်ဖို့အတွက် ၃နာရီခန့် အချိန်ယူ လုပ်ဆောင်ရကြောင်း သိရပါတယ်။ 3D Printers တွေဟာ လိုချင်တဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ရုံသာမက တန်ဖိုး ပမာဏ ကြီးမားတဲ့ ပုံစံခွက်တွေကို အသုံးပြုစရာ မလိုတဲ့အတွက် ပစ္စည်းထုတ်လုပ်ရာ ကုန်ကျစရိတ် တန်ဖိုး ကို လျော့ချနိုင်ကြောင်း သိရပါတယ်။ အချို့ဆေးပညာဆိုင်ရာ ကိရိယာ ထုတ်လုပ်ရာမှာလည်း 3D Printers တွေကို စတင်အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
mrtv4

No comments:

Post a Comment