Monday, April 8, 2013

မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန်အတွက် ဂျပန်ပင်လယ်ပြင်တွင် Aegis ဖျက်သင်္ဘော များအား တပ်ဖြန့် ချထားသွားမည် ဖြစ်

မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန် အတွက် ဂျပန် ပင်လယ်ပြင်တွင် Aegis ဖျက်သင်္ဘော များအား တပ်ဖြန့် ချထားသွားမည် ဖြစ်

ဂျပန်နိုင်ငံက ၎င်း၏ နယ်မြေသို့ ဦးတည်လာသည့် မြောက်ကိုရီးယား၏ ဒုံးကျည်များကို ပစ်ချ သွားရန် ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များကို ညွှန်ကြား သွားမည် ဖြစ်ကြောင်း Yomiuri  သတင်းစာက ဖော်ပြခဲ့ ပါသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera သည် အဆိုပါ ညွှန်ကြားချက်အား တစ်ရက်၊ နှစ်ရက်အတွင်း ထုတ်ပြန် သွားဖွယ် ရှိသော် လည်း ပြည်သူများအား အသိပေး သွားမည် မဟုတ်ကြောင်း အစိုးရ အရင်းအမြစ် များ၏ ပြောကြားချက်ကို ကိုးကား၍ Kyodo  သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။ ဒုံးခွင်းဒုံးများ တပ်ဆင် ထားသော Aegis  ဖျက်သင်္ဘော များအား မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန် အတွက် ဂျပန် ပင်လယ်ပြင်တွင် တပ်ဖြန့် ချထားသွားမည် ဖြစ်ပါသည်။ ဂျပန် နိုင်ငံအား ပစ်မှတ် ထား၍ ဒုံးကျည်ဖြင့် တိုက်ခိုက် နိုင်ဖွယ်ရာ အခြေအနေ များသည် မြင့်မား မနေသော်လည်း ကြိုတင် ပြင်ဆင်မှု များကို လုပ်ဆောင်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ အရင်းအမြစ် တစ်ခုက ပြောကြား ခဲ့ပါသည်။

http://bit.ly/145FdA3
ဂျပန်နိုင်ငံက ၎င်း၏ နယ်မြေသို့ ဦးတည်လာသည့် မြောက် ကိုရီးယား ၏ ဒုံးကျည်များကိုပစ်ချသွားရန် ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့များ ကို ညွှန်ကြားသွားမည် ဖြစ်ကြောင်း Yomiuri သတင်းစာက ဖော်ပြခဲ့ ပါသည်။


ဂျပန် ကာကွယ်ရေးဝန်ကြီး Itsunori Onodera သည် အဆိုပါ ညွှန်ကြားချက်အား တစ်ရက် ၊ နှစ်ရက် အတွင်းထုတ်ပြန် သွားဖွယ်ရှိသော် လည်း ပြည်သူ များအားအသိပေးသွားမည်မဟုတ်ကြောင်း အစိုးရအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ Kyodo သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဒုံးခွင်းဒုံးများတပ်ဆင်ထားသော Aegis ဖျက်သင်္ဘော များအား မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက်ရန်အတွက် ဂျပန် ပင်လယ်ပြင်တွင် တပ်ဖြန့်ချထားသွား မည်ဖြစ် ပါသည်။ ဂျပန် နိုင်ငံအား ပစ်မှတ်ထား၍ ဒုံးကျည်ဖြင့် တိုက်ခိုက်နိုင်ဖွယ်ရာ အခြေအနေ များသည် မြင့်မား မနေသော်လည်း ကြိုတင် ပြင်ဆင်မှု များကို လုပ်ဆောင်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ အရင်းအမြစ် တစ်ခုက ပြောကြား ခဲ့ပါသည်။


မြ၀တီ

No comments:

Post a Comment