Wednesday, April 24, 2013

နေရောင်ခြည် ထိတွေ့ထားသော မှိုများကို စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ကြွယ်ဝစွာ ရရှိစေနိုင်

Photo: နေရောင်ခြည် ထိတွေ့ထားသော မှိုများကို စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ကြွယ်ဝစွာ ရရှိစေနိုင်

အေပြီ ၂၄ ရက် ၂၀၁၃

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ထားသော သို့မဟုတ် နေခြောက်လှန်း ထားသော မှိုများသည် ဗီတာမင်ဒီ ကြွယ်ဝသည့် ကျန်းမာရေး ဖြည့်စွက်စာ အဖြစ် အထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် ဇီဝဓာတုနှင့် အဏုဇီ ဝဗေဒမှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ထို့အပြင် မှိုများကို မစားသုံးမီ နာရီဝက်ကြာ နေရောင်ခြည်နှင့် ထိတွေ့ စေခြင်းဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်ကို ဗီတာမင် အဖြစ် သို့  ပြောင်းလဲပေးနိုင်ကြောင်း သုတေသန ပညာရှင် များက လေ့လာ တွေ့ရှိခဲ့ သည်။

အာဟာရဓာတ် ပြည့်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်၊ အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကယ်လ်စီယံဓာတ် စုပ်ယူမှုများ အတွက် မရှိမဖြစ် လိုအပ်သော အရာများဖြစ်သည်။

အဆိုပါ လေ့လာမှုတွင် သုတေသီများသည် အသက် ၃ဝ အရွယ်လူများ အား ဗီတာမင်ဒီ များစွာ ပါဝင်သည့် ဆေးလုံးများကို သီတင်းပတ် ၁၂ ပတ်ကြာ နေ့စဉ် တိုက်ကျွေးခြင်း သို့မဟုတ် အာဟာရဓာတ် များစွာပါဝင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများကို တိုက်ကျွေးခြင်းဖြင့် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ လေ့လာဆန်းစစ်  မှုပြီးဆုံးချိန်တွင် အဆိုပါ ဗီတာမင်ဒီ ဆေးလုံးများနှင့် မှိုစားသုံးသူများတွင် ဗီတာမင်များ ကြွယ်ဝလျက် ရှိပြီး ၎င်းတို့ ၏ ဗီတာမင် ကြွယ်ဝမှု ပမာဏသည် များစွာကွဲပြားမှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထူးခြားသော လက္ခဏာရပ်များကို မတွေ့ရှိခဲ့ပေ။

နွေဦးနှင့် မိုးဦးရာဦ နှောင်းပိုင်းကာလများတွင် မှိုများကို ခူးယူပြီးနောက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီကြားအချိန် အတွင်း မိနစ် ၆ဝ ခန့် နေရောင်ထိတွေ့ ပြီးမှသာ စားသုံးသင့်ကြောင်း စားသုံးသူများအား သုတေသန ပညာရှင်များက အကြံပြု ပြောကြား ထားသည်။

Myawady

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ထားသော သို့မဟုတ် နေခြောက်လှန်း ထားသော မှိုများသည် ဗီတာ မင်ဒီ ကြွယ်ဝသည့် ကျန်းမာရေး ဖြည့်စွက်စာ အဖြစ် အထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် ဇီဝ ဓာတုနှင့် အဏုဇီ ဝဗေဒမှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ထို့အပြင် မှိုများကိုမစားသုံးမီ နာရီဝက်ကြာ နေရောင်ခြည်နှင့် ထိတွေ့ စေခြင်းဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်ကို ဗီတာမင်အဖြစ်သို့ ပြောင်းလဲပေးနိုင်ကြောင်း သုတေသနပညာရှင် များက လေ့ လာ တွေ့ရှိခဲ့သည်။

အာဟာရဓာတ် ပြည့်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်၊ အရိုးနှင့်သွားများ ကျန်းမာကြံ့ ခိုင်ခြင်းနှင့် ကယ်လ်စီယံဓာတ် စုပ်ယူမှုများ အတွက် မရှိမဖြစ် လိုအပ်သော အရာများဖြစ် သည်။

အဆိုပါ လေ့လာမှုတွင် သုတေသီများသည် အသက် ၃ဝ အရွယ်လူများအား ဗီတာမင်ဒီများစွာ ပါဝင် သည့် ဆေးလုံးများကို သီတင်းပတ် ၁၂ ပတ်ကြာ နေ့စဉ် တိုက်ကျွေးခြင်း သို့မဟုတ် အာဟာရဓာတ် များစွာပါဝင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများကို တိုက်ကျွေးခြင်းဖြင့် လေ့လာ ဆန်းစစ် မှုများ ပြုလုပ်ခဲ့သည်။ လေ့လာဆန်းစစ် မှုပြီးဆုံးချိန်တွင် အဆိုပါ ဗီတာမင်ဒီ ဆေးလုံးများနှင့် မှိုစားသုံး သူများတွင် ဗီတာမင်များ ကြွယ်ဝလျက် ရှိပြီး ၎င်းတို့ ၏ ဗီတာမင် ကြွယ်ဝမှု ပမာဏသည် များစွာကွဲပြားမှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထူးခြားသော လက္ခဏာရပ်များကို မတွေ့ရှိခဲ့ပေ။

နွေဦးနှင့် မိုးဦးရာဦ နှောင်းပိုင်းကာလများတွင် မှိုများကို ခူးယူပြီးနောက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီကြားအချိန် အတွင်း မိနစ် ၆ဝ ခန့် နေရောင်ထိတွေ့ ပြီးမှသာ စားသုံးသင့်ကြောင်း စားသုံးသူများအား သုတေသန ပညာရှင်များက အကြံပြု ပြောကြား ထားသည်။

Myawady

No comments:

Post a Comment