Friday, April 19, 2013

ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် မိုးရွာသွန်းမှု ဖြစ်ပေါ်

AddThis Social Bookmark Button
w1-18-4-3
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မိုးရွာသွန်းမှုမှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုကြောင့်ဖြစ်ကြောင်း မိုးလေ၀သ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ထံမှသိရသည်။
''မိုးရွာတာက မိုးအကြိုရာသီ ဖြစ်တာရယ် ဒီနေ့ညနေ ရန်ကုန်မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေ တာကြောင့် ဖြစ်ပါတယ်''ဟု ဦးထွန်းလွင်က ပြောသည်။ မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့သော မြို့နယ်များမှာ အလုံ၊ ဒဂုံ၊လမ်းမတော်၊ လသာ၊မင်္ဂလာတောင်ညွှန့်၊
ကျောက်တံတား၊တာမွေ၊ရန်ကင်း၊လှိုင်၊သာကေတ၊စမ်းချောင်း၊တောင်ဒဂုံနှင့် မင်္ဂလာဒုံမြို့နယ်များ ရွာ သွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း နေထိုင်သူများထံမှ သိရသည်။
လွန်ခဲ့သော သုံးရက်အတွင်းက ကရင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မိုးတိမ်တောင် များ ဖြစ်ပေါ်ခဲ့မှုကြောင့် မိုးရွာသွန်းမှုများနှင့် မိုးကြိုးပစ်မှုများကြောင့် လူသေဆုံးမှုများ ရှိခဲ့သည်။
From...Eleven

No comments:

Post a Comment