Saturday, April 6, 2013

အီတလီ-ဆွစ်ဇာလန် နယ်စပ်တွင် ရွှေချောင်း ဒေါ်လာ ၆ သန်းဖိုးမိ

အီတလီ-ဆွစ်ဇာလန် နယ်စပ်တွင် ရွှေချောင်း ဒေါ်လာ ၆ သန်းဖိုးမိ

၆ သိန်းဆိုရင်မပြောတော့ပါဘူး။ အခု မိတဲ့ ရွှေတန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။ ရွှေချောင်း ၁၂ ချောင်းကို အီတလီနိုင်ငံကနေ ဆွစ်ဇာလန်ကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။ 

သာမန် ခရီးသွားတဲ့ မိသားစု တစ်ခုကနေ ရွှေတွေ အချောင်းလိုက် မိလိမ့်မယ်လို့တောင် ဘယ်သူမှ ထင်မထားပါဘူး။ အီတလီနိုင်ငံသား မိသားစု တစ်ခုဖြစ်ပြီး စုစုပေါင်း ငါးဦးပါဝင်တဲ့ ကားက ဆွစ်ဇာလန်ကို အပျော်ခရီးသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ယာဉ်မောင်းတဲ့ အသက် ၅၀ ကျော် လူကြီးကလည်း ဆွစ်ဇာလန်ကုမ္မဏီတစ်ခုမှာ အလုပ်လုပ် ပါတယ်။ 

သို့ပေမယ့် မျက်နှာပျက်နေတာကြည့်ပြီး သံသယဝင်တဲ့ ရဲများဟာ စစ်ကြည့်လိုက်တော့ ကားနောက်ဖုံး ပစ္စည်းထားခန်းမှာ ရွှေချောင်း တစ်ဒါဇင်တောင် ဖမ်းမိပါတယ်။ ဘယ်ကရတယ်လို့ စစ်ဆေးမေးမြန်း ဆဲ ဖြစ်ပေမယ့် အဖြေမထွက်သေးပါဘူး။ အီတလီရော၊ ဆွစ်ဇာလန်နိုင်ငံ နှစ်ခုလုံးကပါ ရွှေမှောင်ခိုသယ်တဲ့ သတင်းကို စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။ ၆ သိန်းဆိုရင်မပြောတော့ပါဘူး။ အခု မိတဲ့ ရွှေတန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။ ရွှေချောင်း ၁၂ ချောင်းကို အီတလီနိုင်ငံကနေ ဆွစ်ဇာလန်ကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။
သာမန် ခရီးသွားတဲ့ မိသားစုတစ်ခုကနေ ရွှေတွေ အချောင်းလိုက် မိလိမ့်မယ်လို့တောင် ဘယ်သူမှထင်မထားပါဘူး။ အီတလီနိုင်ငံသား မိသားစု တစ်ခုဖြစ်ပြီး စုစုပေါင်း ငါးဦးပါဝင်တဲ့ကားက ဆွစ်ဇာလန်ကို အပျော်ခရီးသွားဖို့ဖြစ်တယ် လို့ ပြောပါတယ်။ ယာဉ်မောင်းတဲ့ အသက် ၅၀ ကျော် လူကြီးကလည်း ဆွစ်ဇာလန်ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။

သို့ပေမယ့် မျက်နှာပျက်နေတာကြည့်ပြီး သံသယဝင်တဲ့ ရဲများဟာ စစ်ကြည့်လိုက်တော့ ကားနောက်ဖုံး ပစ္စည်းထားခန်းမှာ ရွှေချောင်း တစ်ဒါဇင်တောင် ဖမ်းမိပါတယ်။ ဘယ်ကရတယ်လို့ စစ်ဆေးမေးမြန်း ဆဲ ဖြစ်ပေမယ့် အဖြေမထွက်သေးပါဘူး။ အီတလီရော၊ ဆွစ်ဇာလန်နိုင်ငံ နှစ်ခုလုံးကပါ ရွှေမှောင်ခို သယ်တဲ့ သတင်းကို စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။
From....Myawady News
 

No comments:

Post a Comment