Monday, April 8, 2013

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းသို့ ပင်လယ်ရေအောက် ဖိုက်ဘာဆက်သွယ်ရေး ဆောင်ရွက်ရန် ထိုင်းကုမ္ပဏီတစ်ခု စိတ်ဝင်စား

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းသို့ ဆက်သွယ်မည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံပိုင် CAT Telecom က စိတ်ဝင်စားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံပိုင် ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီဖြစ်သည့် CAT Telecom က မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းတောင်ပိုင်းတို့ ဆက်သွယ်မည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းအတွက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားလျက်ရှိပြီး ၎င်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း CAT Telecom မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Surapon Sanguansilp က ပြောသည်။
ထားဝယ်နှင့် ထိုင်းသို့ ဆက်သွယ်မည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းအတွက် ဖိုက်ဘာကြိုးမျှင် ၈၀၀ ကီလိုမီတာကို သွယ်တန်းရမည်ဖြစ်ပြီး ကုန်ကျစရိတ် အနေဖြင့် ထိုင်းဘတ် ၁ ဒသမ ၂ ဘီလျံ ၀န်းကျင်ရှိကြောင်း သိရှိရပါသည်။
Eleven Media Group

No comments:

Post a Comment