တန်ဖိုးနည်း ၁၅၀၀တန် ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း
ပြည်သူများ အနေဖြင့် မဲလိပ် များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း
ယနေ့ရောင်းချခဲ့သည့် နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူး ရုံးများ မှ
စုံစမ်းသိရှိရသည်။
၂၀၁၃
ခုနှစ် ဧပြီလ ၂၂ ရက် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် အမှတ် ၂
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင်နံနက် ၈း၃၀ နာရီ အချိန်မှစပြီး
တန်ဖိုးနည်း CDMA ၈၀၀ ဖုန်း အလုံး (၃၆၀) ကို မဲစနစ်ဖြင့်ရောင်း ချပေးခဲ့ ရာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်
မဲများအားစီစစ် ရေတွက်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဧပြီ ၂၄ရက်နေ့ တွင်
မဲပေါက်သူများကို အိမ်တိုင်ရာရောက် ဆင်းကဒ်များ လိုက်လံပေးမည်ဟု အဆိုပါ
ရပ်ကွက် အုပ်ချူပ်ရေး မှူးရုံးမှ သိရသည်။
“ မဲက ကိုယ်တိုင်
မနှိုက်ရဘူး။ လူရှုပ်မှာဆိုးလို့ ကော်မတီအဖွဲ့က သူ့နာမည်စာရင်းနဲ့
သူနှိုက်ပေးတာ။ အဲဒီ ကော်မတီကိုလဲ ရပ်ကွက်က လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ၊
ပေါက်တယ် မပေါက်ဘူးဆိုတာ ချက်ချင်း သိရတယ်။ လုပ်ပုံလုပ်နည်းမတူ။
နောက်လုပ်မဲ့ အခေါက်တွေမှာ ဒီအခေါက် ရသွားတဲ့ သူတွေ မပါတော့ဘူး” ဟု
မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး
ကိုသန်းမြင့်က မဇ္ဈိမကို ပြော သည်။
တလမ်းလျှင် ခြောက်လုံးနှုန်း
မဲနှိုက်ပေးကာ ဧပြီလ ၂၄ရက်နေ့ ညနေ၄နာရီ ဖုန်းကဒ်များကို အိမ်အရောက်
ပို့ပေးမည်ဖြစ်ကြောင်း၊ ဖုန်းပေါက်သည့် မဲစာရင်းများကို ဧပြီ ၂၂ရက်
ယနေ့တွင် မြို့နယ်ရုံးသို့ အပြီးတင်ပေးရ
မည်ဟု မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် အုပ်ချူပ်ရေးမှူးက ရှင်းပြသည်။
မဲနှိုက်ရောင်းချမှုအား မြောက်ဥက္ကလာ မြို့နယ်နယ်နှင့် အခြားမြို့နယ် အချို့တွင် ယနေ့၈နာရီမှ စတင်ကာ နေ့လည် ၁နာရီအထိ ရောင်းချမှုများပြုလုပ်ခဲ့ပြီး ရောင်းချသည့် ဖုန်းအရေအတွက်မှာ တရပ်ကွက်နှင့် တရပ်ကွက် မတူညီကြောင်း ရပ်ကွက်သားများထံမှ သတင်းရရှိသည်။
မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး
ဦးလှထွန်းက " မနက် ၈နာရီ ခွဲလောက် ကနေ ၁၂နာရီလောက်မှာ အကုန်ပြီးစီးသွားတယ်။
ရပ်မိရပ်ဖရယ် ဆရာမရယ် သူတို့တွေ ပဲ နှိုက် တာ။ ဘုန်းကြီးတွေ အတွက်ကော
မယ်သီလရှင်တွေအတွက်ကော အကုန်ပါတယ်" ဟုဆိုသည်။
ယခုလို
မြန်ဆန်စွာ မဲနှိုက်ရခြင်းမှာ ဖုန်းကဒ်မဲပေါက်သူ စာရင်းများအား
ယနေ့၎နာရီတွင် မြို့နယ်ရုံးသို့ အပြီးပေးရမည် ဟု ထုတ်ပြန်ထားသည့်အတွက် ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။
မြောက်ဥက္ကလာပ (၁)ရပ်ကွက်ရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက“ကျွန်မတို့ အခုဆင်းကဒ်ရောင်းတဲ့ စနစ်ကို သိပ်စိတ်အလိုမကျဘူး။ သမာသမတ် မကျဘူးလို့
ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်တိုင်လဲ မနှိုက် ရဘူး။ ရောင်းတဲ့ အရေအတွက် ကလည်း အရမ်းနည်းတယ်။ အမှန်ဆို တအိမ်တယောက် ဆိုလည်းအားလုံး ထုတ်ပြီး ရောင်းလိုက်အဲဒါရှင်းတယ်။ ”သူမ၏ အမြင်ကိုပြောသည်။
၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည်ဖြစ်ကာအကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည်အလိုအလျောက် ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖုန်းဆင်းကဒ်များကို တလလျှင် သုံးသိန်းခွဲရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသ ကြီးတွင် ဆင်းကဒ် တသိန်းနှစ်သောင်းခန့် ရောင်းချပေးသွားမည်ဟု အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ရပ်ကွက်နှင့် မြို့နယ်အပေါ်မူတည်၍ ရောင်းချမည့် ဆင်းကဒ် အရေအတွက် အနည်းအများကွာခြားသည်။
Mizzima - News in Burmese
တန်ဖိုးနည်း ၁၅၀၀တန် ဆင်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချသော်လည်း ပြည်သူများ အနေဖြင့် မဲလိပ် များအား ကိုယ်တိုင်နှိုက်ခွင့်မရကြောင်း ယနေ့ရောင်းချခဲ့သည့် နယ်မြေများမှ ရပ်ကွက် အုပ်ချူပ်ရေးမှူး ရုံးများ မှ စုံစမ်းသိရှိရသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင်နံနက် ၈း၃၀ နာရီ အချိန်မှစပြီး တန်ဖိုးနည်း CDMA ၈၀၀ ဖုန်း အလုံး (၃၆၀) ကို မဲစနစ်ဖြင့်ရောင်း ချပေးခဲ့ ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင
“ မဲက ကိုယ်တိုင် မနှိုက်ရဘူး။ လူရှုပ်မှာဆိုးလို့ ကော်မတီအဖွဲ့က သူ့နာမည်စာရင်းနဲ့ သူနှိုက်ပေးတာ။ အဲဒီ ကော်မတီကိုလဲ ရပ်ကွက်က လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ၊ ပေါက်တယ် မပေါက်ဘူးဆိုတာ ချက်ချင်း သိရတယ်။ လုပ်ပုံလုပ်နည်းမတူ။ နောက်လုပ်မဲ့ အခေါက်တွေမှာ ဒီအခေါက် ရသွားတဲ့ သူတွေ မပါတော့ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ကိုသန်းမြင့်က မဇ္ဈိမကို ပြော သည်။
တလမ်းလျှင် ခြောက်လုံးနှုန်း မဲနှိုက်ပေးကာ ဧပြီလ ၂၄ရက်နေ့ ညနေ၄နာရီ ဖုန်းကဒ်များကို အိမ်အရောက် ပို့ပေးမည်ဖြစ်ကြောင်း၊ ဖုန်းပေါက်သည့် မဲစာရင်းများကို ဧပြီ ၂၂ရက် ယနေ့တွင် မြို့နယ်ရုံးသို့ အပြီးတင်ပေးရ
မည်ဟု မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် အုပ်ချူပ်ရေးမှူးက ရှင်းပြသည်။
မဲနှိုက်ရောင်းချမှုအား မြောက်ဥက္ကလာ မြို့နယ်နယ်နှင့် အခြားမြို့နယ် အချို့တွင် ယနေ့၈နာရီမှ စတင်ကာ နေ့လည် ၁နာရီအထိ ရောင်းချမှုများပြုလုပ်ခဲ့ပြီး ရောင်းချသည့် ဖုန်းအရေအတွက်မှာ တရပ်ကွက်နှင့် တရပ်ကွက် မတူညီကြောင်း ရပ်ကွက်သားများထံမှ သတင်းရရှိသည်။
မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးမှ အုပ်ချူပ်ရေးမှူး ဦးလှထွန်းက " မနက် ၈နာရီ ခွဲလောက် ကနေ ၁၂နာရီလောက်မှာ အကုန်ပြီးစီးသွားတယ်။ ရပ်မိရပ်ဖရယ် ဆရာမရယ် သူတို့တွေ ပဲ နှိုက် တာ။ ဘုန်းကြီးတွေ အတွက်ကော မယ်သီလရှင်တွေအတွက်ကော အကုန်ပါတယ်" ဟုဆိုသည်။
ယခုလို မြန်ဆန်စွာ မဲနှိုက်ရခြင်းမှာ ဖုန်းကဒ်မဲပေါက်သူ စာရင်းများအား ယနေ့၎နာရီတွင် မြို့နယ်ရုံးသို့ အပြီးပေးရမည် ဟု ထုတ်ပြန်ထားသည့်အတွက် ဖြစ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။
မြောက်ဥက္ကလာပ (၁)ရပ်ကွက်ရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက“ကျွန်မတို့ အခုဆင်းကဒ်ရောင်းတဲ့ စနစ်ကို သိပ်စိတ်အလိုမကျဘူး။ သမာသမတ် မကျဘူးလို့ ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်တိုင်လဲ မနှိုက် ရဘူး။ ရောင်းတဲ့ အရေအတွက် ကလည်း အရမ်းနည်းတယ်။ အမှန်ဆို တအိမ်တယောက် ဆိုလည်းအားလုံး ထုတ်ပြီး ရောင်းလိုက်အဲဒါရှင်းတယ်။ ”သူမ၏ အမြင်ကိုပြောသည်။
၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည်ဖြစ်ကာအကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည်အလိုအလျောက် ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖုန်းဆင်းကဒ်များကို တလလျှင် သုံးသိန်းခွဲရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသ ကြီးတွင် ဆင်းကဒ် တသိန်းနှစ်သောင်းခန့် ရောင်းချပေးသွားမည်ဟု အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ရပ်ကွက်နှင့် မြို့နယ်အပေါ်မူတည်၍ ရောင်းချမည့် ဆင်းကဒ် အရေအတွက် အနည်းအများကွာခြားသည်။
Mizzima - News in Burmese
No comments:
Post a Comment