Saturday, April 6, 2013

"၄၈လမ်း မီးလောင်မှုတွင် အဓိက တာဝန်ရှိသူ နှစ်ဦးအား ဥပဒေပုဒ်မ ၂ ခုဖြင့်တရားစွဲမည်"

၄၈လမ်း မီးလောင်မှုတွင် အဓိက တာဝန်ရှိသူ နှစ်ဦးအား ဥပဒေပုဒ်မ ၂ ခုဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှ သိရသည်။
"လူသေမှုဖြစ်တဲ့အတွက် ၃၀၄(က)ရယ်၊ မီးလောင်မှုဖြစ်တဲ့အတွက် ၂၈၅ ရယ်နဲ့ တရားစွဲဆိုသွားမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းမီးလောင်မှုတွင် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးမှာ မီးလောင်မှုဖြစ်ပွားသည့် ဧပြီ ၂ ရက်နေ့ကတည်းကပင် ၀န်ခံခဲ့ပြီး၊ နောက်တစ်ဦးဖြစ်သည့် ဦးခင်မောင်အေးကိုမူ ဧပြီ ၃ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မင်းသုအောင်

No comments:

Post a Comment