Sunday, April 28, 2013

တောင်ဒဂုံစက်မှုဇုန် (၂) အတွင်းရှိ သံရည်ကျို အလုပ်ရုံ တစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


Photo: တောင်ဒဂုံစက်မှုဇုန် (၂) အတွင်းရှိ သံရည်ကျို အလုပ်ရုံ တစ်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဧပြီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် အပိုင်း(၂) ၆၄ ရပ်ကွက် မိုးမခလမ်းရှိ စူပါသောင်းမြင့် သံရည်ကျိုအလုပ်ရုံတွင် ဧပြီလ ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၂ နာရီ ၀န်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ယင်းသံရည်ကျို အလုပ်ရုံတစ်ခုသာ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် အခြားနေရာများသို့ ကူးစက်ခြင်း မရှိကြောင်း သိရသည်။

"မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ လူထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး" ဟု မီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ည ၁၂ နာရီ ခွဲလောက်မှာ သံရည်ကြို စက်ရုံဘေးက ထမင်းဆိုင်က အမျိုးသမီးက မီးလောင်နေတယ်လို့ အော်လို့ သိရတာပါ။ မီးသတ်ကို သူပဲ ဖုန်းဆက်တယ် ထင်တယ်။

 ကျွန်တော်တို့ ဆီမှာက ညနေ ငါးနာရီ လောက်ကတည်းက လျှပ်စစ်မီး ပျက်နေတာ။ ဘယ်က စလောင်တယ်ဆိုတာတော့ မသိဘူး။ အဲဒီမှာက ညအစောင့် မရှိဘူး။

 ပိုင်ရှင်တွေက အခြားနေရာမှာနေတာ" ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ် အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

EMG
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် အပိုင်း(၂) ၆၄ ရပ်ကွက် မိုးမခလမ်းရှိ စူပါသောင်းမြင့် သံရည်ကျိုအလုပ်ရုံတွင် ဧပြီလ ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၂ နာရီ ၀န်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ယင်းသံရည်ကျို အလုပ်ရုံတစ်ခုသာ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် အခြားနေရာများသို့ ကူးစက်ခြင်း မရှိကြောင်း သိရသည်။

"မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ လူထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး" ဟု မီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ည ၁၂ နာရီ ခွဲလောက်မှာ သံရည်ကြို စက်ရုံဘေးက ထမင်းဆိုင်က အမျိုးသမီးက မီးလောင်နေတယ် လို့ အော်လို့ သိရတာပါ။ မီးသတ်ကို သူပဲ ဖုန်းဆက်တယ် ထင်တယ်။

ကျွန်တော်တို့ဆီမှာက ညနေငါးနာရီလောက်ကတည်းက လျှပ်စစ်မီးပျက်နေတာ။ ဘယ်ကစလောင်တယ် ဆိုတာတော့ မသိဘူး။ အဲဒီမှာက ညအစောင့် မရှိဘူး။

ပိုင်ရှင်တွေက အခြားနေရာမှာနေတာ" ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ် အနီးတွင်နေထိုင်သည့် အမျိုးသား တစ်ဦးက ပြောသည်။

EMG

No comments:

Post a Comment