Monday, April 8, 2013

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ

matehtilararrest40people-april8မိတ္ထီလာမြို့နယ် အတွင်းရှိ အင်းကုန်းကယ်ဆယ်ရေး စခန်းအတွင်းရှိ ဒုက္ခသည်များအား ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ၀ဏ္ဏ(မိတ္ထီလာ))
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ပြီးဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို
့ တင်ပြထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးမှ ဧပြီလ ၆ ရက်နေ့က Eleven Media သို့ ပြောကြားခဲ့သည်။
နှစ်ပတ်ကျော်ကြာ စုံစမ်းစစ်ဆေးချက်အရ ပြည်တွင်းအဖွဲ့အစည်း တစ်ခုမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆရပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်း၏ ကွင်းဆက်ဟု ယူဆရသူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးနေပြီး ကွင်းဆက်များ ရှိနိုင်သဖြင့် စုံစမ်းလျက်ရှိကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက အတည်ပြု ပြောကြားသည်။
မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်အား ပြုလုပ်ခဲ့သည့် ပြည်တွင်းအဖွဲ့အစည်းအား တရားဝင်ထုတ်ပြန်ရန် စုံစမ်းစစ်ဆေးမှုများ လိုအပ်နေသေးကြောင်း၊ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။ "ဖြစ်စဉ်မှာ ဖမ်းဆီးထားတဲ့ လူတွေနဲ့ ကွင်းဆက်တွေကို ဆက်လက်စုံစမ်း ဖမ်းဆီးမှုတွေ ပြုလုပ်သွားပါမယ်။ ဥပဒေပိုင်းအရတော့ လက်ရှိ ဖွဲ့စည်းထားတဲ့ အရေးယူ ဆောင်ရွက်မှု အဖွဲ့ကနေပြီး စီရင်ချက် ချသွားမှာပါ" ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာမှ  ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်းခဲ့ရာတွင် အခြေအနေမှာ ပိုမိုဆိုးရွားမှုများ ဖြစ်ပေါ်လာသည့်အတွက် မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ်အခြေအနေ ကြေညာကာ တပ်အင်အား အသုံးပြု ထိန်းသိမ်းခဲ့ရသည်။
ယင်းဖြစ်စဉ်မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ဦးထက်မနည်း ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံရသော အိမ်အလုံးရေ ၁၆၀၀ နီးပါးနှင့် ဘာသာရေး အဆောက်အဦများလည်း ပျက်စီးခဲ့ပြီး ဒုက္ခသည်ဦးရေ ၁၀၀၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။
EMG

1 comment:

  1. မိ တ္ထီ လာ မှာ ဘုန်း တော် ကြီး ဓါး နှင့် ခုတ် လည် ပင်း ကို ကြိုး တပ်
    ဆိုင် ကယ် နှင့် ပါတ် ဆွဲ ဓါတ် ဆီ လောင်း အက် စစ် ပက် မီး ရှို့တဲ့
    မူ ဆ လင် တွေ အ မြောက် အ များ ယ နေ့ အ ချိန် ထိ လွတ် မြောက်
    နေ ပါ တယ် ဘယ် ပါ တီ ကူ ညီ ပါ သ လဲ ။ ဘယ် လူ မှု ရေး အသင်း
    ဘယ် လူ မှု ကွန် ယက် က မှ မ ကူ ညီ ကြ ပါ ဘူး ။လူ စ သတ် တာ
    မူ ဆ လင် မီး စ ရှို့ တာ မူ ဆ လင် ဒုတ် ဓါး လက် နက် စ ကိုင် တာ
    လဲ မူ ဆ လင် တွေ ပဲ။ ဒီ လို ဘာ သာ ရေး စစ် ဖြစ် လာ အောင်
    စ တင် ဖန် တီး သော သီ ရီ မ င်္ဂ လာ ဗ လီ ရှေ့ မှာ ဒုတ် ဓါး လက် နက်
    အ စုံ နှင့် စိန် ခေါ် နေ သော မူ ဆ လင် (၅၀)ဦး ခန့် မှ၃ဦး ၄ဦး ခန့် သာ
    ဖမ်း ထား ပါ သည် ကျန် လူ များ လွတ် မြောက် နေ ဆဲ ဖြစ် ပါ သည်
    ၎င်း မူ ဆ လင် များ ၏ နိင့် ထက် ကျင့် သော လုပ် ရပ် များ ကို လက်
    တုန့် ပြန် သော ဗု ဒ္စ ဘာ သာ ဝင် အ များ စု ကို ခိုး ဆိုး လု ယက် အ
    ကြမ်း ဖက် သည် ဟု ဆို ကာ ဖမ်း ဆီး ခြင်း ခံ ကြ ရ ပါ သည် ။
    ဘာ သာ ရေး ကို လွတ် လပ် စွာ ကိုး ကွယ် ခွင့် ပါ သည် သို့ သော်
    ဗု ဒ္စ ဘာ သာ အ များ စု နေ ထိုင် သော နိုင် ငံ တွင် အ စ္စ လာမ် ဘာ သာ ဝင် တို့ သည် ၎င်း နိုင် ငံ ၏ ယဉ် ကျေး မှု့နှင့် ဥ ပ ဒေ ကို ကျော်
    လွန် သော အ မူလအ ကျင့် များ ကို မထား သင့် ပါ ။ အ စ္စ လာမ် နိုင် ငံ
    များ ၌ သာ အ စ္စ လာမ် အ ချင်း ချင်း လိုက် လျော ညီ ထွေ မှု့ ရှိ နိုင် ပါ
    သည်။ လူ နည်း စု လူ များ စု ဟူ ၍ သတ် မှတ် ၍ မ ရ နိုင် ပါ။အ စ္စ လာမ်
    နိုင် ငံ မှာ ဗု ဒ္စ ဘာ သာ ဝ င် တွေ ဟာ လူ နည်း စု ဟာ နိ ယာ မ ပါ။
    ဘာ သာ ရေး အ ယူ ဝါ ဒ အ ရ သား စိမ်း ငါး စိမ်း သတ် သ မား ဖြစ်
    သည် အား လျော် စွာ မိုက် ကြေး ခွဲ ဗိုလ် ကျ အနိုင် ယူ ခဲ့ စ ရိုက် များ
    ကို ခံ စား ရ သည် မှာ နှစ် ပေါင်း များ စွာ ထု ထည် ကြီး မား လာ ကာ
    မ ခံ မ ရပ် နိုင် ဖြစ် ကာတုန့် ပြန် ကြ ခြင်း ဖြစ် ပါ သည် ။ မူ ဆ လင်
    တ ရား ခံ များ ကို ဝိုင်း ဝန်း ရှာ ဖွေ ကြ ဖို့ နှိုး ဆော်လိုက် ပါ သ ည်ဝ

    ReplyDelete