Friday, April 19, 2013

မန်ယူထက် ပိုချမ်းသာသည့် ရီးရဲလ်မက်ဒရစ် …


မန်ယူထက် ပိုချမ်းသာသည့် ရီးရဲလ်မက်ဒရစ် …
Friday, April 19, 2013

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်
ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်လွန်ကာ
ကမ္ဘာ့ တန်ဖိုးအရှိဆုံး ဘောလုံးအသင်းဖြစ်လာကြောင်း နာမည်ကျော်
စီးပွားရေး မဂ္ဂဇင်း Forbes က ဖော်ပြသွားခဲ့သည်။

အဆိုပါ စာရင်းအား 2004 တွင် Forbes မဂ္ဂဇင်းက စတင်ကောက်ခဲ့ပြီး
နောက်ပိုင်း မန်ယူအသင်းအနေဖြင့် ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှ
ကျဆင်းခဲ့ခြင်းဖြစ်သည်။

Forbes မဂ္ဂဇင်းက ဖော်ပြထားသည့် လက်ရှိတန်ဖိုးများမှာ ရီးရဲလ်မက်ဒရစ်
သည် အမေရိကန်ဒေါ်လာ( 3.3 )ဘီလျံ နှင့် ဒုတိယနေရာမှ မန်ယူအသင်းမှာ
အမေရိကန်ဒေါ်လာ( 3.17 )ဘီလျံဖြစ်ပြီး ဘာစီလိုနာအသင်းမှာ တတိယ
နေရာတွင်ရှိနေသည်။ စတုတ္ထနေရာတွင် အာဆင်နယ် အသင်းကအမေရိကန်
ဒေါ်လာ( 1.33 ) ဘီလျံ ၊ ၄င်းနောက်တွင် ဘိုင်ယန်မြူးနစ်အသင်းက
အမေရိကန် ဒေါ်လာ ( 1.31 )ဘီလျံ ၊ အေစီမီလန်သည်အမေရိကန် ဒေါ်လာ
( 945 )သန်း၊ချဲလ်ဆီးသည် အမေရိကန်ဒေါ်လာ( 901 )သန်း ၊ ဂျူဗင်တပ်
အသင်းသည် အမေရိကန်ဒေါ်လာ( 694 ) သန်း ၊ မန်စီးတီးသည် အမေရိကန်
ဒေါ်လာ( 689 )သန်းနှင့် လီဗာပူးလ်အသင်း၏ တန်ကြေးမှာ အမေရိကန်
ဒေါ်လာ( 651 )သန်းရှိကြောင်း အသီးသီးဖော်ပြခဲ့သည်။

ဒါ့အပြင် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဘောလုံးသမားအဖြစ် ယခု ပီအက်စ်ဂျီ
အသင်းတွင် ကစားနေသည့်ဒေးဗစ်ဘက်ခမ်းက ရပ်တည်နေပြီး ၄င်းနောက်
တွင် ရီးရဲလ်မက်ဒရစ်မှခရစ္စတီယာနို ရော်နယ်ဒို က ဒုတိယ အဖြစ်ရှိနေ
ကြောင်း သိရသည်။

SkyNet TV Browser

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ကျော်လွန်ကာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းဖြစ်လာကြောင်း နာမည်ကျော် စီးပွားရေးမဂ္ဂဇင်း Forbes က ဖော်ပြသွားခဲ့သည်။

အဆိုပါ စာရင်းအား 2004 တွင် Forbes မဂ္ဂဇင်းက စတင်ကောက်ခဲ့ပြီး နောက်ပိုင်း မန်ယူအသင်း အနေဖြင့် ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

Forbes မဂ္ဂဇင်းက ဖော်ပြထားသည့်လက်ရှိတန်ဖိုးများမှာရီးရဲလ်မက်ဒရစ် သည် အမေရိကန်ဒေါ်လာ( 3.3 ) ဘီလျံ နှင့် ဒုတိယနေရာမှ မန်ယူအသင်းမှာ အမေရိကန်ဒေါ်လာ( 3.17 )ဘီလျံဖြစ်ပြီး ဘာစီလိုနာအသင်းမှာ တတိယ နေရာတွင်ရှိနေသည်။ စတုတ္ထနေရာတွင် အာဆင်နယ် အသင်းကအမေရိကန် ဒေါ်လာ( 1.33 ) ဘီလျံ ၊ ၄င်းနောက်တွင် ဘိုင်ယန်မြူးနစ်အသင်းက အမေရိကန် ဒေါ်လာ ( 1.31 )ဘီလျံ ၊ အေစီမီလန်သည်အမေရိကန် ဒေါ်လာ ( 945 )သန်း၊ချဲလ်ဆီးသည် အမေရိကန်ဒေါ်လာ( 901 )သန်း ၊ ဂျူဗင်တပ် အသင်းသည် အမေရိကန်ဒေါ်လာ( 694 ) သန်း ၊ မန်စီးတီးသည် အမေရိကန် ဒေါ်လာ( 689 )သန်းနှင့် လီဗာပူးလ်အသင်း၏ တန်ကြေးမှာ အမေရိကန် ဒေါ်လာ( 651 )သန်းရှိကြောင်း အသီးသီးဖော်ပြခဲ့သည်။

ဒါ့အပြင် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဘောလုံးသမားအဖြစ် ယခု ပီအက်စ်ဂျီ အသင်းတွင် ကစားနေ သည့်ဒေးဗစ်ဘက်ခမ်းက ရပ်တည်နေပြီး ၄င်းနောက် တွင် ရီးရဲလ်မက်ဒရစ်မှခရစ္စတီယာနို ရော်နယ်ဒို က ဒုတိယ အဖြစ်ရှိနေ ကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment