Tuesday, April 9, 2013

အရေးပေါ် ဖုန်းနံပါတ်များဖြင့် နစ်နာမှု များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့ရဲ့ လုံခြုံရေးအား ကူညီစောင့်ရှောက် ဖို့နဲ့ ပြည်သူလူထုမှ ပူးပေါင်း ကူညီဖို့ အတွက် အရေးပေါ် ဖုန်းနံပါတ်များနဲ့တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်များအား ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ဖုန်းနံပါတ်များမှာတော့ အရေးပေါ် Hot Line တယ်လီဖုန်း အမှတ် ၁၉၉ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ များမှာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်ရဲတပ်ဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့များနဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့များ ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှာ ခရိုင် ၄ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှာ အမှတ် ၁ ရဲတပ်ဖွဲ့ စခန်းနဲ့ တောင်ကြီးမြို့ တို့မှာလည်း တပ်ဆင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အရေးပေါ်တိုင်ကြား နိုင်တဲ့ ဖုန်းနံပါတ်များ ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀က်ဆိုက်မှာလည်း ဖော်ပြပေးတယ်လို့သိရပါတယ်။ ဒီလို ထုတ်ပြန်ပေး ထားတာဟာ ပြည်သူလူထုရဲ့ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များရဲ့ ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ ဆောင်ရွက် ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်မှုများ၊ အဂတိ လိုက်စားမှုများ နဲ့ ပတ်သက်ပြီး တိုင်ကြားနိုင် ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့ များမှာ ဖုန်းနံပါတ်များ တပ်ဆင်ပေး ထားကြောင်းနဲ့ အဆိုပါ ဖုန်းနံပါတ် များအား ဆူပူမှု၊ နှောင့်ယှက် မှုများ မပြုလုပ်ကြ ဖို့လည်း မေတ္တာရပ်ခံ ထားတယ်လို့ သိရပါတယ်။
From...Myawady News
 

No comments:

Post a Comment