Wednesday, April 3, 2013

ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း

မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ်ဆိုရင် သင်က သူတို့ ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုးထွက်နေတယ်ဆိုရင် လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။
ခံတွင်းရနံ့ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်းအတွင်းမှာ စားကြွင်
စားကျန်နဲ့ ကလာပ်စည်းအသေတွေကိုစားသုံးတဲ့ ဗက်တီးရီးယားကထုတ်လုပ်တဲ့ အငွေ့ပျံလွယ်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေကြောင့် ဖြစ်ပါတယ်။ သာမန်ပလုတ်ကျင်း ဆေးရည်၊ သွားတိုက် ဆေးနှင့် ခံတွင်းဖြန်းဆေးတို့ဟာ ခံတွင်းရနံ့ ဆိုးကို မွှေးရနံ့နဲ့ ဖုံးလိုက်တာဖြစ်တဲ့အတွက် ကြာရှည် မခံပါဘူး။
Closys ၊၊ ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဆာလဖာ ဒြပ်ပေါင်း တွေကို ဖယ်ရှားလိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်း ရနံ့ကို လျင်မြန်စွာ ဖြစ်ပေါ် စေပါတယ်။ ခံတွင်းထဲက ဗက်တီးရီးယား ကိုလည်း သေစေပါတယ်။ ဒါကြောင့် ခံတွင်း ရနံ့ဆိုး ပြဿနာရှိသူတွေ သွားတိုက်ဆေး ဝယ်မယ်ဆိုရင် နောက်ဘက်က ပါဝင်ပစ္စည်းများကို သေချာ ဖတ် ပြီးမှဝယ်ပါ။
From...မြ၀တီ

No comments:

Post a Comment