Wednesday, April 3, 2013

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်
Wednesday, April 3, 2013 

စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။

နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင် ဝီလ်ဆင်က ယင်းဖိနပ်အား ပေါင်တစ်သန်း တန်ဖိုးရှိ စိန်ဖြူလေးပုံ တစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။

"The Diamond Shoe" စိန်စီရှူး ဖိနပ်ကို ၂၁ ဒသမ ၁၈ ကာရက်ရှိသော စိန်ပွင့်များဖြင့် စီခြယ်ပြုလုပ်ထားပြီး ယင်းဖိနပ်ကို ပြုလုပ်ရန်အတွက် နာရီပေါင်း ၅ဝ ကျော် အချိန်ယူခဲ့ရကြောင်း သိရသည်။

ဒီဇိုင်နာဝီလ်ဆင်က ယင်းဖိနပ်အား "Cinderella" ကားတွင် ဆင်ဒရဲလား မင်းသမီးလေး ဝတ်ဆင်ခဲ့သော ဖိနပ်ပုံစံအတိုင်း စိတ်ကူး ပုံဖော်တည်ဆောက် ထားပြီး ဇိမ်ခံပစ္စည်း တစ်ခုအဖြစ် ဖန်တီးတည်ဆောက် ထားကြောင်း သိရသည်။

မြ၀တီ
စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။

နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင်ဝီလ်ဆင်က ယင်းဖိနပ် အား ပေါင်တစ်သန်းတန်ဖိုးရှိ စိန်ဖြူလေးပုံတစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။

"The Diamond Shoe" စိန်စီရှူး ဖိနပ်ကို ၂၁ ဒသမ ၁၈ ကာရက်ရှိသော စိန်ပွင့်များဖြင့် စီခြယ်ပြုလုပ်ထားပြီး ယင်းဖိနပ်ကို ပြုလုပ်ရန်အတွက် နာရီပေါင်း ၅ဝ ကျော် အချိန်ယူခဲ့ရကြောင်း သိရသည်။

ဒီဇိုင်နာဝီလ်ဆင်က ယင်းဖိနပ်အား "Cinderella" ကားတွင် ဆင်ဒရဲလား မင်းသမီးလေး ဝတ်ဆင်ခဲ့သော ဖိနပ်ပုံစံအတိုင်း စိတ်ကူးပုံဖော်တည်ဆောက်ထားပြီး ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် ဖန်တီးတည်ဆောက် ထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment