Thursday, April 4, 2013
အရည်အသွေးမပြည့်ဟုယူဆရသော မြေသြဇာတံဆိပ်သုံးမျိုး တွေ့ ရှိ
အရည်အသွေးမပြည့်ဟုယူဆရသော မြေသြဇာတံဆိပ်သုံးမျိုး တွေ့ ရှိ
Thursday, 4 April 2013
တောင်သူများသုံးစွဲလျက်ရှိသော ဓာတ်မြေသြဇာ တံဆိပ်များစွာအနက် တံဆိပ် ၁၅ မျိုးကိုစစ်ဆေးခဲ့ရာ အရည်အသွေး ပြည့်မီခြင်းမရှိသည့် ဓာတ်မြေသြဇာတံဆိပ်သုံးမျိုးကို စစ်ဆေးတွေ့ရှိရသည်ဟု
မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်သည်။
ထိုစိုက်ပျိုးရေးဆေးရှစ်မျိုးနှင့် မြေသြဇာ ၁၅မျိုးတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင်ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ရာ ခုနစ်မျိုးတွင် သတ်မှတ်ထားသော အရည်အသွေးအောက် လျော့နည်းနေသည်ကို
တွေ့ရပြီး အသေးစိတ် ထပ်မံစစ်ဆေးသည့်အခါ အရည်အသွေးနိမ့် မြေသြဇာ
သုံးမျိုးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆူပါအင်(န်)၊ ဂိုးလ်ဒ်ခရော့ပ်နှင့် ဆန်းရေး စသည့်အမှတ်တံဆိပ်သုံးမျိုးကို
အရည်အသွေး မပြည့်မီကြောင်းတွေ့ရှိရပြီး ပထမနှစ်မျိုးမှာ ထုတ်လုပ်သူ အမည်မပါရှိသည့်အပြင် မှတ်ပုံတင်ထားခြင်းလည်း မရှိပေ။
အော်ဂဲနစ်မြေသြဇာဖြစ်သည့် မလေး ရှားမှ တင်သွင်းသော ဆန်းရေးမှာမူ မှတ်ပုံတင်ထားသော်လည်း တံဆိပ်သုံးမျိုးစလုံးတွင် သတ်မှတ်ဖော်ပြထား
သော အပင် အာဟာရဖြစ်စေမည့် ဓာတ်ပစ္စည်းများမှာ များစွာလျော့နည်းနေ
သည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။
ဈေးကွက်အတွင်းရှိနေသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ၏ အရည်
အသွေးများနှင့် ပတ်သက်ပြီး မြေသြဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး
လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်းက “မြေသြဇာနဲ့ပတ်သက်ပြီး
ပြောရရင် မှတ်ပုံတင်ထားသော်လည်း အတုလုပ်သူတွေရှိနိုင်ပါတယ်။
မှတ်ပုံမတင်ထား သော်လည်းပဲ နယ်စပ်က၀င်လာပြီး အရည်သွေးပြည့်တာတွေလည်းရှိနိုင်ပါတယ်။ “ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး ပြော ချင်တာက ပိုးသတ်ဆေးကပိုးကိုသတ်တာဖြစ်တဲ့အတွက် စားသုံးသူရော၊ သုံးတဲ့သူကိုပါ အန္တရာယ်ရှိပါတယ်။ အဲဒီတော့ မှတ်ပုံ
တင်ပြီးတော့ ပြည်တွင်းက တရားဝင်တင်သွင်းတဲ့ ပိုးသတ်ဆေး
တော်တော်များများ ကျွန်တော် ထင်ပါတယ်၊ ၉၅၊ ၉၇ ရာခိုင်နှုန်းဟာ အရည်အသွေးပြည့်တယ်လို့ ကျွန်တော့အနေနဲ့ ပြောလိုပါတယ်။ နယ်စပ်က
ဝင်ရောက်တဲ့ဆေးတွေက အရည်အသွေးပြည့်တာ မပြည့်တာထက်
စာရင် နိုင်ငံတကာမှာတားမြစ်ထားတဲ့ ၊ လူကို ပြင်းပြင်း ထန်ထန် အန္တရာယ်ဖြစ်စေတဲ့ဆေးတွေ ၀င်လာတာကို ကျွန်တော့အနေနဲ့ မီဒီယာတွေ
ကို သတင်းပေးချင်ပါတယ်”ဟု ၎င်းက ပြောသည်။
တောင်သူများအကျိုးကို ရည်မျှော်၍ ဆန်စပါးအသင်းချုပ်၏ ညီနောင်အသင်း
များဖြစ်သည့် တောင်သူလယ်သမားအသင်း (ယာယီ)နှင့် မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းက တောင်သူများ
ကိုယ်တိုင် ပေးပို့လာသည့် မြေသြဇာနှင့် ပိုးသတ်ဆေးများကို စစ်ဆေး
ပေးခြင်းဖြစ်သည်။
အရည်အသွေးနိမ့်မြေသြဇာနှင့်တား မြစ်ထားသောအန္တရာယ်ရှိ စိုက်ပျိုးရေး ဆေးများမှာ ဈေးပေါပေါဖြင့် ၀င်ရောက်လာသဖြင့် အရည်အသွေးမီ မြေသြဇာနှင့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ပိုးသတ်ဆေး
ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများတွင် နစ်နာမှုများရှိသည်ဟု သိရသည်။
“ကျွန်တော်တို့ အသင်းအနေနဲ့ပြော ချင်တာက အရည်အသွေးစစ်ဆေးတဲ့ လုပ်ငန်းဟာ မဖြစ်မနေ စစ်ဆေးရမယ့် လုပ်ငန်းလို့ ပြောချင်ပါတယ်။ နံပါတ် တစ်အချက်ကတော့ မသိနားမလည်တဲ့ တောင်သူတွေကို ကာကွယ်ပေးဖို့
လိုပါတယ်။ ဒါမှလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။
နောက်တစ်ချက်က စားသုံးသူနဲ့ သုံးစွဲသူ အန္တရာယ်ကင်းဖို့ ဖြစ်ပါ တယ်။ နောက် တစ်ချက်က Win - Win ပါ၊ တရားဝင်တင်သွင်းတဲ့
အရည်သွေးရှိတဲ့ ကုမ္ပဏီတွေက ကုန်ကျစရိတ်တစ်ခုရှိပါတယ်။ အရည်
အသွေးမပြည့်တဲ့ တရားမ၀င်ဆေးတွေကြောင့် ကျွန်တော်တို့ တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီတွေက နစ်နာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ ကိုယ်တိုင်၌က အရည်အသွေးမပြည့်တဲ့ဆေးတွေကို ဖော်
ထုတ်ချင်နေပါတယ်”“ဟု ဦးသတိုးဟိန်းက မတ်လ ၃၀ ရက်နေ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြေသြဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးရေးဦးစီးဌာန၏ အကူအညီဖြင့်
ပုံမှန်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ညီနောင်အသင်းနှစ်သင်းစုပေါင်းကာ အရည်အသွေးစစ်ဆေးမည့်အဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု သိရသည်။
- ရူပါအောင်ဝင်း
thefarmermedia
တောင်သူများသုံးစွဲလျက်ရှိသော ဓာတ်မြေသြဇာ တံဆိပ်များစွာ အနက် တံဆိပ် ၁၅ မျိုးကိုစစ်ဆေးခဲ့ရာ အရည် အသွေး ပြည့်မီခြင်း မရှိသည့် ဓာတ်မြေသြဇာတံဆိပ်သုံးမျိုးကို စစ်ဆေးတွေ့ရှိရ သည် ဟု မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များ အသင်းက သတင်းထုတ်ပြန်သည်။
ထိုစိုက်ပျိုးရေးဆေးရှစ်မျိုးနှင့် မြေသြဇာ ၁၅မျိုးတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကပိုင်ဓာတ်ခွဲခန်း များသို့ ပေးပို့စစ်ဆေးခဲ့ရာ ခုနစ်မျိုးတွင် သတ်မှတ်ထားသော အရည် အသွေးအောက် လျော့နည်းနေ သည်ကိုတွေ့ရပြီး အသေးစိတ် ထပ်မံစစ်ဆေးသည့်အခါ အရည်အသွေးနိမ့် မြေသြဇာ သုံးမျိုး ကို တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
ဆူပါအင်(န်)၊ ဂိုးလ်ဒ်ခရော့ပ်နှင့် ဆန်းရေး စသည့်အမှတ်တံဆိပ်သုံးမျိုးကိုအရည်အသွေး မပြည့်မီကြောင်းတွေ့ ရှိရပြီး ပထမနှစ်မျိုးမှာ ထုတ်လုပ်သူ အမည်မပါရှိသည့်အပြင် မှတ်ပုံတင် ထားခြင်း လည်း မရှိပေ။
အော်ဂဲနစ်မြေသြဇာဖြစ်သည့် မလေး ရှားမှ တင်သွင်းသော ဆန်းရေးမှာမူ မှတ်ပုံတင်ထားသော်လည်း တံဆိပ်သုံးမျိုးစလုံးတွင် သတ်မှတ်ဖော်ပြထားသော အပင် အာဟာရဖြစ်စေမည့် ဓာတ်ပစ္စည်းများမှာ များစွာလျော့နည်းနေသည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။
ဈေးကွက်အတွင်းရှိနေသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ၏ အရည်အသွေးများနှင့် ပတ်သက်ပြီး မြေသြဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသတိုးဟိန်းက “မြေသြဇာနဲ့ပတ်သက်ပြီးပြောရရင် မှတ်ပုံတင်ထားသော်လည်း အတုလုပ်သူတွေရှိနိုင်ပါတယ်။
မှတ်ပုံမတင်ထား သော်လည်းပဲ နယ်စပ်က၀င်လာပြီး အရည်သွေးပြည့်တာတွေလည်းရှိနိုင်ပါတယ်။ “ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး ပြော ချင်တာက ပိုးသတ်ဆေးကပိုးကိုသတ်တာဖြစ်တဲ့အတွက် စားသုံး သူရော၊ သုံးတဲ့သူကိုပါ အန္တရာယ်ရှိပါတယ်။ အဲဒီတော့ မှတ်ပုံတင်ပြီးတော့ ပြည်တွင်းက တရားဝင် တင်သွင်းတဲ့ ပိုးသတ်ဆေးတော်တော်များများ ကျွန်တော် ထင်ပါတယ်၊ ၉၅၊ ၉၇ ရာခိုင်နှုန်းဟာ အရည် အသွေးပြည့်တယ်လို့ ကျွန်တော့အနေနဲ့ ပြောလိုပါတယ်။ နယ်စပ်က၀င်ရောက်တဲ့ဆေးတွေက အရည် အသွေးပြည့်တာ မပြည့်တာထက်စာရင် နိုင်ငံတကာမှာတားမြစ်ထားတဲ့ ၊ လူကို ပြင်းပြင်း ထန်ထန် အန္တရာယ်ဖြစ်စေတဲ့ဆေးတွေ ၀င်လာတာကို ကျွန်တော့အနေနဲ့ မီဒီယာတွေကို သတင်းပေးချင် ပါတယ်” ဟု ၎င်းက ပြောသည်။
တောင်သူများအကျိုးကို ရည်မျှော်၍ ဆန်စပါးအသင်းချုပ်၏ ညီနောင်အသင်း များဖြစ်သည့် တောင်သူ လယ်သမား အသင်း (ယာယီ)နှင့် မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေး လုပ်ငန်းရှင်များ အသင်းက တောင်သူများကိုယ်တိုင် ပေးပို့လာသည့် မြေသြဇာနှင့် ပိုးသတ်ဆေးများကို စစ်ဆေးပေးခြင်းဖြစ်သည်။
“ကျွန်တော်တို့ အသင်းအနေနဲ့ပြော ချင်တာက အရည်အသွေးစစ်ဆေးတဲ့ လုပ်ငန်းဟာ မဖြစ်မနေ စစ်ဆေးရမယ့် လုပ်ငန်းလို့ ပြောချင်ပါတယ်။ နံပါတ် တစ်အချက်ကတော့ မသိနားမလည် တဲ့ တောင်သူတွေ ကို ကာကွယ်ပေးဖို့လိုပါတယ်။ ဒါမှလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။
နောက်တစ်ချက်က စားသုံးသူနဲ့ သုံးစွဲသူ အန္တရာယ်ကင်းဖို့ ဖြစ်ပါ တယ်။ နောက် တစ်ချက်က Win - Win ပါ၊ တရားဝင်တင်သွင်းတဲ့အရည်သွေးရှိတဲ့ ကုမ္ပဏီတွေက ကုန်ကျစရိတ်တစ်ခုရှိပါတယ်။ အရည်
အသွေးမပြည့်တဲ့ တရားမ၀င်ဆေးတွေကြောင့် ကျွန်တော်တို့ တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီတွေက နစ်နာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ ကိုယ်တိုင်၌က အရည်အသွေးမပြည့်တဲ့ဆေးတွေကို ဖော်
ထုတ်ချင်နေပါတယ်”“ဟု ဦးသတိုးဟိန်းက မတ်လ ၃၀ ရက်နေ့ မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြေသြဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးရေးဦးစီးဌာန၏ အကူအညီဖြင့်ပုံမှန်စစ်ဆေးပေးသွားမည်ဖြစ်ပြီ ညီနောင်အသင်းနှစ်သင်းစုပေါင်းကာ အရည်အသွေးစစ်ဆေးမည့်အဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု သိရသည်။
From...မြ၀တီ
No comments:
Post a Comment