Thursday, April 4, 2013

ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၏ တန်ဖိုးနည်းဖုန်းရောင်း ချမည့်အစီအစဉ် (အပြည့်အစုံဖော်ပြချက်)


၁။ ၂၀၁၃ခုနှစ်ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။
၂။ရောင်းချမည့်ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်ကြိုတင်ထည့်သွင်းပြီးမိုဘိုင်းဖုန်းSIM CARD တစ်ခုအတွက်၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။ လစဉ်မိုဘိုင်းဖုန်း၃၅၀၀၀၀ ကိုပြည်နယ်နှင့် တိုင်းဒေသကြီး များသို့ ခွဲဝေရောင်းချသွားမည်ဖြစ်ပါ သည်။


၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHzစနစ်မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသာမကနိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။ နောင်လများတွင် GSM (2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကိုဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။

၎။ CDMA-800MHz စနစ်စက်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိသေးသော ပြည်နယ်နှင့်တို င်းဒေသကြီး များတွင် WCDMA 3G ဖုန်းများကိုနှုန်းထားတူ၁၅၀၀ ကျပ်ဖြင့်ရောင်းချသွားမည် ဖြစ်ပါသည်။

၅။ ပြည်သူများသို့သက်သာသောနှုန်းထားဖြင့်အမှန်တကယ်အသုံးပြုနိုင်ရန ရည်ရွယ်၍ရောင်း ချခြင်းဖြစ် ပါ သဖြင့်ဖုန်းကဒ်ဝ ယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းSIMCard တွင်မူလ ထည့် သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည်အနည်းဆုံး ၅၀၀၀ ကျပ်တန်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ဖုန်းကဒ်အားအခြားသူ တစ်ဦးဦးသို့ လက်ဆင့် ကမ်းရောင်းခြခြင်းမှကာကွယ်ရန် အတွက်၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်း ကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၆။စက်တန်ဖိုးစက်တပ်ဆင်မှုတန်ဖိုး ကုန်ကျစရိတ်များကို    တယ်လီဖုန်းပြောဆိုခများမှပြန်လည် စု စည်းကောက်ခံရမည်ဖြစ်ပါသဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ်ကြိုတင်ငွေဖြည့် ကဒ်ဖြင့်ပြော ဆိုခကျပ်၂၅၀၀ အနည်းဆုံးသုံစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။နှစ်လြ ပည့်သော်လည်းကြို တင်ငွေဖြည့် ကဒ်မှ ၅၀၀၀ကျပ်အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည် အထိ ဖြတ်တောက်သွားပါမည်။တယ်လီဖုန်းSIM ကဒ်တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွင်းငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်း သွား မည်ဖြစ်ပါသည်။

၇။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အတူအခြားလိုင်စင်ရအော်ပရေတာများမှ နိုင်ငံ တ၀ှမ်းလုံး ၇ှိပြည်သူများဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကိုတိုးချဲ့တပ်ဆင်ြ ပီးစီးပါက မည်သည့် ကန့်သတ်ချက်မျှမရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာ အပ်ပါသည်။
From....News of Myanmar

No comments:

Post a Comment