Wednesday, April 3, 2013

အားကစားနည်းများ အတွက် စကားပြန်များ လျှောက်ထားနိုင်

အားကစားနည်းများ အတွက် စကားပြန်များ လျှောက်ထားနိုင်
Wednesday, April 3, 2013 

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမည့်           (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်) အားကစားကွင်း/ အားကစားရုံများ၌

လာရောက် ကူညီ နည်းပြမည့် နိုင်ငံခြားသား ဒိုင်/နည်းပြများ အတွက် စကားပြန်များ တွဲဖက်ပေးနိုင်ရန် အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံ သူများအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ လစာနှုန်း ငွေကျပ် ၂ဝဝဝဝဝ ဖြင့် တရုတ် စကားပြန် ၄၅ ဦးနှင့် ထိုင်းစကားပြန် ၂ဝ ရာထူး နေရာ ခန့်ထားမည် ဖြစ်သည်။

လျှောက်ထား နိုင်သူများမှာ တရုတ် စကားပြောနှင့် ထိုင်းစကားပြော ကျွမ်းကျင်ပြီး ဆက်ဆံရေး/ ကျန်းမာရေး ကောင်းမွန်သူ အမျိုးသား/ အမျိုးသမီးများ ဖြစ်ရမည်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူ အိမ်ထောင် မရှိသူ ဖြစ်ရမည်။

လျှောက်ထားမည့် သူများ အနေဖြင့် အကျင့် စာရိတ္တနှင့် ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ဘာသာ စကား ကျွမ်းကျင်ကြောင်း သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ ဘွဲ့လက်မှတ် ရှိလျှင် (မိတ္တူမှန်)၊ နိုင်ငံသား စိစစ်ရေးကတ် (မိတ္တူမှန်)၊ ရောင်စုံ ပတ်စပို့ဆိုက် ဓာတ်ပုံ သုံးပုံနှင့် အတူ ကိုယ်ရေး မှတ်တမ်း အကျဉ်းကိုပါ ပြည့်စုံစွာ ဖြည့်စွက်၍ ဧပြီ ၂၂ ရက်မှ ၂၅ ရက်အတွင်း ကိုယ်ရေး လျှောက်လွှာ နှင့်အတူ ဦးထွန်းမြင့်ဦး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဝန်ကြီးရုံး အားကစား ဝန်ကြီး ဌာနရုံး အမှတ်(၃၁)သို့ လိပ်မူပေးပို့ပါ ရန်နှင့် ဧပြီ ၃ဝ ရက်တွင် လူတွေ့ စစ်ဆေး သွားမည် ဖြစ်သည်။

ရွေးချယ်ခြင်း ခံရသူများအား နေထိုင် သွားလာရေးအတွက် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၆၇-၄ဝ၆ဝ၃၄ နှင့် ဝ၉-၅ဝ၂၂၃၅၇ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

အဖြူရောင်စာမျက်နှာ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမည့် (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်) အားကစားကွင်း/ အားကစားရုံများ၌ လာရောက် ကူညီ နည်းပြမည့် နိုင်ငံခြားသား ဒိုင်/ နည်းပြများအတွက် စကားပြန်များတွဲဖက်ပေးနိုင်ရန် အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံ သူများအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ လစာနှုန်း ငွေကျပ် ၂ဝဝဝဝဝ ဖြင့် တရုတ် စကားပြန် ၄၅ ဦးနှင့် ထိုင်း စကားပြန် ၂ဝ ရာထူး နေရာ ခန့်ထားမည် ဖြစ်သည်။

လျှောက်ထား နိုင်သူများမှာ တရုတ်စကားပြောနှင့် ထိုင်းစကားပြောကျွမ်းကျင်ပြီး ဆက်ဆံရေး/ ကျန်းမာရေး ကောင်းမွန်သူ အမျိုးသား/ အမျိုးသမီးများ ဖြစ်ရမည်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ၊ ငွေဆောင် ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူ အိမ်ထောင် မရှိသူ ဖြစ်ရမည်။

လျှောက်ထားမည့် သူများအနေဖြင့် အကျင့်စာရိတ္တနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း၊ ဘာသာစကား ကျွမ်း ကျင်ကြောင်း သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ဘွဲ့လက်မှတ်ရှိလျှင် (မိတ္တူမှန်)၊ နိုင်ငံသား စိစစ်ရေး ကတ် (မိတ္တူမှန်)၊ ရောင်စုံပတ်စပို့ဆိုက် ဓာတ်ပုံသုံးပုံနှင့်အတူ ကိုယ်ရေးမှတ်တမ်းအကျဉ်း ကိုပါ ပြည့် စုံစွာ ဖြည့်စွက်၍ ဧပြီ ၂၂ ရက်မှ ၂၅ ရက်အတွင်း ကိုယ်ရေး လျှောက်လွှာ နှင့်အတူ ဦးထွန်းမြင့်ဦး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဝန်ကြီးရုံး အားကစား ဝန်ကြီး ဌာနရုံး အမှတ်(၃၁)သို့ လိပ်မူပေးပို့ပါ ရန်နှင့် ဧပြီ ၃ဝ ရက်တွင် လူတွေ့ စစ်ဆေး သွားမည် ဖြစ်သည်။

ရွေးချယ်ခြင်း ခံရသူများအား နေထိုင် သွားလာရေးအတွက် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၆၇-၄ဝ၆ဝ၃၄ နှင့် ဝ၉-၅ဝ၂၂၃၅၇ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

From....အဖြူရောင်စာမျက်နှာ

No comments:

Post a Comment