Friday, April 5, 2013

ရထားလိုင်းအချို့သင်္ကြန်အတွင်း ရပ်နားမည်ဟု သိရ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီ၁၄ရက်မှ ၁၆ရက်နေ့အထိ ရပ်နားသွား မည်ဖြစ်ကြောင်း မြန်မာမီရထားက သိရှိရသည်။

လက်ရှိပြေးဆွဲလျက်ရှိသော မီးရထားများ၌ သွားလာရန် ခက်ခဲသောနေရာများတွင် ပြေးဆွဲလျက်ရှိသော ရထားများအားလုံးကို ရပ်နားခြင်း မပြုကြောင်း၊ ရထားများပြုပြင်ထိန်းသိမ်းရန်နှင့် ခရီးသွားများ သွားလာ မှုနည်း နိုင်သည့် အချိန်ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့၌ ခရီးစဉ် အားလုံးကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု သိရသည်။
From...Shwe Myitmakha Media Group

No comments:

Post a Comment