ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက်စီးမှုကို
ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ
သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀
ကျော် တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။
သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံး သူများ တွင် ကော်ဖီ က ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်း အင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများ တွင် မြင့် တက်နေကြောင်း အဆိုပါအင်ဇိုင်းများပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက် သုံး သူများ တွင်အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။
GGT ပမာဏမြင့်တက်ခြင်းသည်ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ် အလွန်ခြင်းတို့နှင့်လည်းသက်ဆိုင်နေကြောင်း ဖော်ပြထားသည်။ ယခုသုတေသန တွင် ကော်ဖီသောက် သုံးခြင်းသည်သာ အသည်းရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည် ကဲ့သို့ ဖော်စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။
ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။
Health Updates Journal

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံး သူများ တွင် ကော်ဖီ က ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင
GGT ပမာဏမြင့်တက်ခြင်းသည်ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ် အလွန်ခြင်းတို့နှင့်လည
ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။
Health Updates Journal
No comments:
Post a Comment