Saturday, April 27, 2013

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဘယ်သူလဲ

ဘော်စတွန် ဗုံး ဖောက်ခွဲမှု၌ နောက်ကွယ်မှ အဓိက ကြိုးကိုင် ဆောင်ရွက်သူမှာ မိမိ၏ အစ်ကို တာမာလန် ဇာနေယက်ဗ် ဖြစ်သည်ဟု ၎င်း၏ ညီဖြစ်သူ ဇိုခါဇာ နေယက်ဗ်က စုံစမ်းစစ်ဆေးသူများကို ပြောကြားထား သည်။
သို့ရာတွင် ၎င်းတို့ ညီအစ်ကို နှစ်ဦးသည် မည်သည့်အကြမ်းဖက်အဖွဲ့နှင့်မျှ ဆက်သွယ်မှုမရှိကြောင်း ဇိုခါဇာနေ ယက်ဗ်က ပြောကြားခဲ့သည်။
အသက် ၁၉ နှစ်ရှိ ဇိုခါဇာနေယက်ဗ်သည် ဘော်စတွန်မြို့ရှိ Beth Israel Deaconess ဆေးရုံတွင် အရေးပေါ် အခြေအနေဖြင့်ရှိနေဆဲ ဖြစ်ပြီး ၎င်း၏ အစ်ကိုတာမာလန်သည် အစ္စလမ်ဘာသာအား ကာကွယ် လိုသောကြောင့် ဗုံး ဖောက်ခွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားထားသည်ဟု အမေရိကန် အစိုးရသတင်းရပ်ကွက် တစ်ခုက CNN သတင်းဌာနကို ပြောကြားထားသည်။
ဇိုခါဇာနေယက်ဗ်နှင့် အကြို တွေ့ဆုံမေးမြန်းမှု တစ်ရပ် ပြုလုပ်ရာတွင် အာဏာပိုင်များ၏ မေးမြန်းချက် များကို ၎င်းက များသောအားဖြင့် စာရေးခြင်း၊ တုန်ရင်စွာနှင့် ခေါင်းညိတ်ပြခြင်း တို့ဖြင့်သာ ဖြေကြားခဲ့သည်။
၎င်းအား ရှေ့နေခေါ်ရန် ကြိုးပမ်းမှု ပြု၊ မပြု မေးမြန်းရာတွင် ၎င်းအနေဖြင့် ကြိုးပမ်းမှု ပြုမည် မဟုတ်ဟု ပြန် လည် ဖြေကြားခဲ့ကြောင်း၊ အဆိုပါ စကားသည် ၎င်းအား တွေ့ဆုံမေးမြန်းမှု ပြုလုပ်စဉ်တွင် ဖြေကြား ခဲ့သည့် တစ်လုံး တည်းသောစကားဖြစ်သည်။ ထို့နောက် ၎င်းအတွက် ဥပဒေအကျိုးဆောင် တစ်ဦးအား ခန့်အပ် ပေးခဲ့ကြောင်းသိရသည်။ ဇိုခါဇာနေယက်ဗ်သည် လက်နက်များအသုံးပြု၍ လူသုံးဦးအား သေ ဆုံး စေမှုနှင့် လူပေါင်း ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာ ရစေခဲ့မှုအတွက် သေဒဏ် ကျခံ ရဖွယ်ရှိသည်။    ။

From....မြ၀တီ

No comments:

Post a Comment