Thursday, April 4, 2013
မိထ္ထီလာဒုက္ခသည်များကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးစေလို
မိထ္ထီလာဒုက္ခသည်များကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးစေလို
Thursday, 4 April 2013 
မိထ္ထီလာမြို့နယ်အတွင်းမှ ဒုက္ခသည်များအတွက် စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း ကူညီစောင့်ရှောက်ပေးနေသူများထံက သိရှိရသည်။
မိတ္ထီလာမြို့၌ ဧပြီလ(၄)ရက်၌ နံနက်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကောလဟလသတင်းများ ထွက်ပေါ်ခဲ့မှု   ကြောင့် တပ်မတော်သားများမှ စစ်ကားများနှင့် မြို့တွင်းသို့ လှည့်လည်စောင့်ရှောက်   ပေးလျက်ရှိကြောင်း မြို့ခံတို့က ဆိုသည်။
လက်ရှိအချိန်တွင် ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ပေးရန်နှင့် စိတ်ဓါတ် ခွန်အား မြှင့်တင်ပေးရန်  လိုအပ်လျက်ရှိကြောင်း မြို့ခံကူညီစောင့်ရှောက်နေသူ ကိုသီဟက ယခုကဲ့သို့ ဆိုသည်။
“ဧပြီ ၁ရက်နေ့ကတော့ ၈၈မျိုးဆက်အဖွဲ့က မင်းသားမင်းသမီးတွေနဲ့ ဒုက္ခသည်တွေကို စိတ်ဓါတ်ခွန်အား   မြှင့်တင်ပေးခဲ့သေးတယ်၊ဒါပေမယ့် စိတ်ဓါတ်ပျက်ပြားနေတဲ့သူတွေ များနေသေးတဲ့အတွက် နောက်ထပ် အဲ့ဒီလိုမျိုး စိတ်ဓါတ်ခွန်အားဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုအပ်နေတာပါ၊ ကျန်တဲ့အနေအထိုင် အစားအသောက်က အဆင်ပြေပါတယ်” ဟု ကူညီစောင့်ရှောက်ပေးနေသူ ကိုသီဟက ပြောသည်။
မိတ္ထီလာမှဒုက္ခသည်စခန်းများ၌ စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးရန် ရန်ကုန်ပရဟိတအဖွဲ့မှ စီစဉ်နေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
မတ်လ(၂၀)အဓိကရုန်းဖြစ်ပွားပြီး တပ်မတော်အကူအညီဖြင့် ထိန်းသိမ်းမှုကာ တည်ငြိမ်အေးချမ်းလာသည့် အခြေအနေများကြောင့် မတ်လ(၃၀)ရက်နေ့မှ စတင်ကာ မိတ္ထီလာဈေး၌ ဈေးသည်များပြန်လည်ဖွင့်လှစ်   ရောင်းချနေပြီဖြစ်ကြောင်းနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများကိုလည်း သင်္ကြန်အပြီးကာလ၌ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။
အမှတ်(၃) အ.ထ.က ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည် (၇၀၀)ကျော်ကို အမှက်(၁)သာယာကုန်း ရပ်ကွက်မှ မပျက်စီးသေးသည့် ၎င်းတို့ နေအိမ်များသို့ ပြန်လည်နေရာချထားပေးစေလိုကြောင်းကိုလည်း ဒုက္ခသည်များ ထံက သိရှိရသည်။
“ဒီမှာ ကလေးလူကြီး(၇၀၀)လောက် ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲရဲ့ အရှေဖက်က ဗုဒ္ဓဘာသာ မြို့ခံ တွေနဲ့က ဟိုအရင်ကတည်းက ညီရင်းအစ်ကိုတွေလို နေထိုင်ခဲ့ကြတာပါ။ ပဋိပက္ခမှာသူတို့ကလည်း ဖေးမကြလို့ ကျွန်တော်တို့ နေအိမ်တွေမပျက်စီးခဲ့ပါဘူး။ ကျွန်တော်တို့အတွက် နိုင်ငံတော်က ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင် ဘူး။”ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံတစ်ဦးက ပြောသည်။
အမှတ်(၃) အ.ထ.ကကယ်ဆယ်ရေးစခန်းမှဒုက္ခသည်များအနေဖြင့် ၎င်းတို့ နေအိမ်၌ ပြန်လည်နေထိုင် လိုကြောင်း အထက်လူကြီးများသို့ တင်ပြထားသော်လည်း ထူးခြာမှုမရှိသေးကြောင်းကိုလည်း ၄င်းတို့ထံမှ သိရှိရသည်။
“အခြေ အနေလုံးဝတည်ငြိမ်သွားဖို့တော့ နည်းနည်းအချိန်ယူရမယ်။ ဗုဒ္ဓဘာသာလူငယ်တွေကလည်း အားလုံး စုပေါင်းပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ လုပ်ချင်တယ်လို့ ပြောလာတယ်။ အားလုံးပြေလည် သွားအောင် ပူးပေါင်းလုပ်ကိုင်နိုင်ရင် အကောင်းဆုံးပါ။”ဟု မိထ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင် ကွန်ယက်တာဝန်ခံက ဆိုသည်။
မိထ္ထီလာမြို့ခံ ဗုဒ္ဓဘာသာလူငယ်များမှ ရန်ကုန်၊မန္တလေးမြို့ကြီးများ၌ ပြုလုပ်နေသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ဆုတောင်းပွဲများ ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်လျှက်ရှိကြောင်းကိုလည်း သိရှိရသည်။
လက်ရှိအချိန်တွင် ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ပေးရန်နှင့် စိတ်ဓါတ် ခွန်အား မြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း မြို့ခံကူညီစောင့်ရှောက်နေသူ ကိုသီဟက ယခု ကဲ့သို့ ဆိုသည်။
“ဧပြီ ၁ရက်နေ့ကတော့ ၈၈မျိုးဆက်အဖွဲ့က မင်းသားမင်းသမီးတွေနဲ့ ဒုက္ခသည်တွေကို စိတ်ဓါတ် ခွန်အား မြှင့်တင်ပေးခဲ့သေးတယ်၊ဒါပေမယ့် စိတ်ဓါတ်ပျက်ပြားနေတဲ့သူတွေ များနေသေးတဲ့ အတွက် နောက်ထပ် အဲ့ဒီလိုမျိုး စိတ်ဓါတ်ခွန်အားဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုအပ်နေတာပါ၊ ကျန်တဲ့အနေအထိုင် အစားအသောက်က အဆင်ပြေပါတယ်” ဟု ကူညီစောင့်ရှောက်ပေးနေသူ ကိုသီဟက ပြောသည်။
မိတ္ထီလာမှဒုက္ခသည်စခန်းများ၌ စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးရန် ရန်ကုန်ပရဟိတအဖွဲ့မှ စီစဉ်နေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
မတ်လ(၂၀)အဓိကရုန်းဖြစ်ပွားပြီး တပ်မတော်အကူအညီဖြင့် ထိန်းသိမ်းမှုကာ တည်ငြိမ်အေးချမ်း လာသည့် အခြေအနေများကြောင့် မတ်လ(၃၀)ရက်နေ့မှ စတင်ကာ မိတ္ထီလာဈေး၌ ဈေး သည်များပြန် လည်ဖွင့်လှစ် ရောင်းချနေပြီဖြစ်ကြောင်းနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ယာယီပိတ်ထား ခဲ့ရ သည့် ကျောင်းများကိုလည်း သင်္ကြန်အပြီးကာလ၌ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။
အမှတ်(၃) အ.ထ.က ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည် (၇၀၀)ကျော်ကို အမှက်(၁)သာယာကုန်း ရပ်ကွက်မှ မပျက်စီးသေးသည့် ၎င်းတို့ နေအိမ်များသို့ ပြန်လည်နေရာချထားပေးစေလိုကြောင်းကိုလည်း ဒုက္ခသည်များ ထံက သိရှိရသည်။
“ဒီမှာ ကလေးလူကြီး(၇၀၀)လောက် ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲရဲ့ အရှေဖက်က ဗုဒ္ဓဘာသာ မြို့ခံ တွေနဲ့က ဟိုအရင်ကတည်းက ညီရင်းအစ်ကိုတွေလို နေထိုင်ခဲ့ကြတာပါ။ ပဋိပက္ခမှာ သူတို့ ကလည်း ဖေးမကြလို့ ကျွန်တော်တို့ နေအိမ်တွေမပျက်စီးခဲ့ပါဘူး။ ကျွန်တော်တို့အတွက် နိုင်ငံတော်က ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင် ဘူး။”ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံတစ်ဦးက ပြောသည်။
အမှတ်(၃) အ.ထ.ကကယ်ဆယ်ရေးစခန်းမှဒုက္ခသည်များအနေဖြင့် ၎င်းတို့ နေအိမ်၌ ပြန်လည်နေထိုင် လိုကြောင်း အထက်လူကြီးများသို့ တင်ပြထားသော်လည်း ထူးခြာမှုမရှိသေးကြောင်းကိုလည်း ၄င်းတို့ ထံမှ သိရှိရသည်။
“အခြေ အနေလုံးဝတည်ငြိမ်သွားဖို့တော့ နည်းနည်းအချိန်ယူရမယ်။ ဗုဒ္ဓဘာသာလူငယ်တွေကလည်း အားလုံး စုပေါင်းပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ လုပ်ချင်တယ်လို့ ပြောလာတယ်။ အားလုံးပြေလည် သွားအောင် ပူးပေါင်းလုပ်ကိုင်နိုင်ရင် အကောင်းဆုံးပါ။”ဟု မိထ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင် ကွန်ယက်တာဝန်ခံက ဆိုသည်။
မိထ္ထီလာမြို့ခံ ဗုဒ္ဓဘာသာလူငယ်များမှ ရန်ကုန်၊မန္တလေးမြို့ကြီးများ၌ ပြုလုပ်နေသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ဆုတောင်းပွဲများ ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်လျှက်ရှိကြောင်းကိုလည်း သိရှိရသည်။
မြစ်မခမီဒီယာ
No comments:
Post a Comment