Friday, April 5, 2013

အင်ဒိုနီးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် မြန်မာငါးဖမ်းသမားများနှင့် ရိုဟင်ဂျာ ဘင်္ဂါလီတို့ ခိုက်ရန်ဖြစ်ပွားရာမှ မြန်မာ ငါးဖမ်းသမား ၈ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွင် ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာဘင်္ဂါလီ (AP သတင်းဌာန၏ ဖော်ပြချက်အရ) ခိုလှုံသူတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြရာ ဓားများ ကျောက်ခဲများဖြင့် တိုက်ခိုက်ခဲ့ကြပြီး မြန်မာငါးဖမ်းသမား ၈ ဦးသေဆုံးကာ ရိုဟင်ဂျာဘင်္ဂါလီ ၁၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ပြောကြားချက်အပေါ် ကိုးကား၍ AP သတင်းဌာနမှ ဖော်ပြခဲ့သည်။

AP သတင်းဌာန၏ ဖော်ပြချက်အရ ရန်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမားတြားပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထိန်းသိမ်းရေး စခန်းသည် တရားမ၀င် ၀င်ရောက်လာသည့် ရိုဟင်ဂျာဘင်္ဂါလီ ဒုက္ခသည် ၁၀၀ ကျော်နှင့် တရားမ၀င် ၀င်ရောက်ငါးဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမား ၁၁ ယောက်တို့ကို အတူထားသော စခန်းဖြစ်သည်ဟု ပြည်နယ်ရဲအရာရှိ အကြီးအကဲ Endro Kiswanto မှ ပြောကြားခဲ့သည်။
မွတ်ဆလင် ဒုက္ခသည်များက မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ ငါးဖမ်းသမား တစ်ဦးကို စတင်ရန်စရာမှ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်ဟု ၄င်းကဆိုသည်။ ထို့နောက် အပြန်အလှန် စကားများခဲ့ကြပြီး ကျောက်ခဲများ ဓားများအသုံးပြု၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဗုဒ္ဓဘာသာ ငါးဖမ်းသမား ၁၁ ဦးအနက် ၈ ဦးသေဆုံးခဲ့ပြီး ၃ ဦးမှာ လွတ်မြောက်ခဲ့ကာ ရိုဟင်ဂျာဘဂါင်္လီ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆူမားတြားမြောက်ပိုင်း ပြည်နယ် မြို့တော် မီဒန်ရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ ယခုအခါ အဆိုပါ အဖြစ်အပျက်တွင် ပါဝင်သူဟု ယူဆရသည့် ရိုဟင်ဂျာဘင်္ဂါလီ ၂၅ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး အပြစ်ရှိကြောင်း ထင်ရှားပါက အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ပြောကြားခဲ့ပြီး လွတ်မြောက်သွားသူ ငါးဖမ်းသမား ၃ ဦးအား လုံခြုံရေး အပြည့်အ၀ရှိသည့် သီးခြားအဆောက်အဦမှာ ဆက်လက်ထိန်းသိမ်းသည်ဟု ပြည်နယ်ရဲအရာရှိ အကြီးအကဲ Endro Kiswanto က ပြောကြားသည်။
“အခုအဖြစ်အပျက်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ စုံစမ်းစစ်ဆေးမှုမှာ ဒီလူတွေဘယ်လို ဓားတွေရသွားလဲ ဆိုတာကိုလည်း ထည့်သွင်း စုံစမ်းသွားမှာပါ။ သူတို့ကို အမြန်ဆုံး နေရပ်ပြန်လည် ပို့ဆောင်ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု ပြည်နယ်ရဲအရာရှိ အကြီးအကဲက ဆက်လက် ပြောကြားသည်။
Ref: AP
EMG

No comments:

Post a Comment