Friday, April 26, 2013

ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ

Photo: ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ

သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ် ကာလအတွင်းက ပမာဏထက် ပို၍ ပူနွေးလာခဲ့ပြီး ဆက်လက် မြင့်တက်လျက် ရှိကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်။

ပညာရှင်များသည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှစ၍ ကမ္ဘာ့ ရာသီဥတု ပူနွေးလာမှုကို လေ့လာရန် အတွက် ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ ၇၃ ခုမှ တူးဖော် ရရှိခဲ့သည့် ကျောက်ဖြစ် ရုပ်ကြွင်း များကို သုတေသန ပြုလုပ် ခဲ့ကြရာ ယခုခေတ် လူသားတို့ အသက်ရှင် နေထိုင်သည့် holocene ကာလ စတင်ချိန် အတောအတွင်း၌ အချိန်ကာလ ၇ဝ ရာခိုင်နှုန်းနှင့် ၈ဝ ရာခိုင်နှုန်း ခန့်သည် ယခုခေတ် ကာလထက် အပူချိန် အားဖြင့်ပို၍ အေးမြသည်ကို တွေ့ရှိခဲ့ကြသည်။

ပညာရှင်များ၏ လေ့လာချက်အရ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝဝ ကျော် အတွင်း ယေဘုယျအားဖြင့် သုည ဒသမ ၅ ဒီဂရီစင်တီဂရိတ် အပူချိန် လျော့ကျခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ ယင်းတွေ့ရှိချက်ကို သိပံ္ပပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

သို့သော် စက်မှုထွန်းကားသည့်ခေတ် စတင်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ခန့်ကာလ အတွင်း၌ ကမ္ဘာကြီး၏ အပူချိန်သည် အချို့နေရာ များတွင် စတင် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ ရာသီဥတုသည် ၂၁ဝဝ ပြည့် နှစ်ခန့်တွင် ၁ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီ စင်တီဂရိတ် အထူးသဖြင့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု အပေါ်မူတည်၍ မြင့်တက် လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူ များက ခန့်မှန်းထား သည်။ ယင်းကာလ အတွင်းရှိ ကမ္ဘာ မြေကြီး၏ အပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ခန့် အတွင်းက ရှိခဲ့သည့် အပူချိန်ထက် ပိုမိုမြင့်တက် လာဖွယ်ရှိသည်ဟု အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ပီတာ ကလာ့ခ် က ပြောကြားထားသည်။

ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ဒေသမှ အပူချိန် ပြောင်းလဲမှု ဆိုင်ရာ သမိုင်းကို လေ့လာ ကြည့် ပါက ယင်းဒေသအတွင်း ဖြစ်ပွားခဲ့သည့် သမုဒ္ဒရာ ရေမျက်နှာပြင် ပူနွေးလာမှုများ သို့မဟုတ် မုတ်သုံရာသီ ပြောင်းလဲမှုစသော ဒေသတွင်းရှိ ရာသီ ဥတု ပြောင်းလဲမှုများ အပေါ်မူတည်၍ ပြောင်းလဲမှု ရှိနိုင်သောကြောင့် တစ်ကမ္ဘာလုံးရှိ ဒေသများစွာမှ အချက်အလက်များကို လေ့လာ စစ်ဆေးခြင်း အားဖြင့် ကမ္ဘာ့အပူချိန် ပြောင်းလဲမှု သမိုင်းကို ပိုမိုရှင်းလင်းစွာ ခန့်မှန်း နိုင် မည်ဖြစ်သည်ဟု ကလာ့ခ်က ပြောကြားထားသည်။

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ<<Thank

သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ် ကာလ အတွင်းက ပမာဏထက် ပို၍ ပူနွေးလာခဲ့ပြီး ဆက်လက် မြင့်တက်လျက် ရှိကြောင်း သိပ္ပံ ပညာရှင် များက တွေ့ရှိခဲ့သည်။

ပညာရှင်များသည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှစ၍ ကမ္ဘာ့ ရာသီဥတု ပူနွေးလာမှုကို လေ့လာရန် အတွက် ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ ၇၃ ခုမှ တူးဖော် ရရှိခဲ့သည့် ကျောက်ဖြစ် ရုပ်ကြွင်း များကို သုတေသန ပြုလုပ် ခဲ့ကြရာ ယခုခေတ် လူသားတို့ အသက်ရှင် နေထိုင်သည့် holocene ကာလ စတင်ချိန် အတောအတွင်း၌ အချိန်ကာလ ၇ဝ ရာခိုင်နှုန်းနှင့် ၈ဝ ရာခိုင်နှုန်း ခန့်သည် ယခုခေတ် ကာလထက် အပူချိန် အားဖြင့်ပို၍ အေးမြသည်ကို တွေ့ရှိခဲ့ကြသည်။

ပညာရှင်များ၏ လေ့လာချက်အရ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝဝ ကျော် အတွင်း ယေ ဘုယျ အားဖြင့် သုည ဒသမ ၅ ဒီဂရီစင်တီဂရိတ် အပူချိန် လျော့ကျခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ ယင်းတွေ့ရှိချက်ကို သိပံ္ပပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

သို့သော် စက်မှုထွန်းကားသည့်ခေတ် စတင်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ခန့်ကာလ အတွင်း၌ ကမ္ဘာကြီး၏ အပူချိန်သည် အချို့နေရာ များတွင် စတင် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ ရာသီဥတုသည် ၂၁ဝဝ ပြည့် နှစ်ခန့်တွင် ၁ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီ စင်တီဂရိတ် အထူးသဖြင့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု အပေါ်မူတည်၍ မြင့်တက် လာဖွယ်ရှိသည်ဟု ကျွမ်း ကျင် သူ များက ခန့်မှန်းထား သည်။ ယင်းကာလ အတွင်းရှိ ကမ္ဘာ မြေကြီး၏ အပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ခန့် အတွင်းက ရှိခဲ့သည့် အပူချိန်ထက် ပိုမိုမြင့်တက် လာဖွယ်ရှိ သည် ဟု အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ပီတာ ကလာ့ခ် က ပြောကြားထားသည်။

ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ဒေသမှ အပူချိန် ပြောင်းလဲမှု ဆိုင်ရာ သမိုင်းကို လေ့လာ ကြည့် ပါက ယင်းဒေသအတွင်း ဖြစ်ပွားခဲ့သည့် သမုဒ္ဒရာ ရေမျက်နှာပြင် ပူနွေးလာမှုများ သို့မဟုတ် မုတ်သုံရာသီ ပြောင်းလဲမှုစသော ဒေသတွင်းရှိ ရာသီ ဥတု ပြောင်းလဲမှုများ အပေါ်မူတည်၍ ပြောင်းလဲမှု ရှိနိုင်သောကြောင့် တစ်ကမ္ဘာလုံးရှိ ဒေသများစွာမှ အချက်အလက်များကို လေ့လာ စစ်ဆေးခြင်း အားဖြင့် ကမ္ဘာ့အပူချိန် ပြောင်းလဲမှု သမိုင်းကို ပိုမိုရှင်းလင်းစွာ ခန့်မှန်း နိုင် မည်ဖြစ်သည်ဟု ကလာ့ခ်က ပြောကြားထားသည်။

From... အေးချမ်းမွန် Credit & Copy From > မြ၀တီ

No comments:

Post a Comment