Saturday, April 27, 2013

"မန်ယူကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေပွဲ ၀င်ကြေး ပုံမှန်သာ ကောက်ခံမည်"




Photo: "မန်ယူကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေပွဲ ၀င်ကြေး ပုံမှန်သာ ကောက်ခံမည်"

ရန်ကုန်၊ ဧပြီ ၂၆

မန်ယူကစားသမားဟောင်းများ ပါဝင်ကစားကြမည့် ရန်ပုံငွေပွဲ ၀င်ကြေးကို ပုံမှန်နှုန်းအတိုင်းသာရှိမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ယနေ့ ညနေ ၄နာရီခွဲတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။

“ကျပ် ၁၀၀၀၊ ၅၀၀ နှုန်းတွေနဲ့ပဲ ၀င်ကြေးကို သတ်မှတ်သွားမှာပါ”ဟု ၎င်းကပြောသည်။ 

ရန်ပုံငွေ ဘောလုံးပွဲတွင် မန်ယူကစားသမား ၄ ဦးနှင့် မြန်မာ့လက်ရွေးစင် စီနီယာကစားသမားများ၊ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ ပါဝင်ကစားကြမည် ဖြစ်သည်။

မန်ယူကစားသမားဟောင်းများဖြစ်သော အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ ပါဝင်သော ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ၌ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး မန်ယူကစားသမားများမှာ အသင်း ၂ ဖက်စလုံးတွင် ပါဝင်ကစားကြ မည် ဖြစ်ကြောင်း သိရသည်။

ထိုပွဲမှ ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ HIV ရောဂါ ကုသရေး အတွက် ဆောင်ရွက်နေသော နေရာများကို လှူဒါန်းသွားမည်ဟု အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

AZ
မန်ယူကစားသမားဟောင်းများပါဝင်ကစားကြမည့် ရန်ပုံငွေပွဲဝင်ကြေးကို ပုံမှန်နှုန်းအတိုင်းသာရှိမည် ဟု ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ယနေ့ ညနေ ၄နာရီခွဲတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောသည်။


“ကျပ် ၁၀၀၀၊ ၅၀၀ နှုန်းတွေနဲ့ပဲ ၀င်ကြေးကို သတ်မှတ်သွားမှာပါ”ဟု ၎င်းကပြောသည်။

ရန်ပုံငွေ ဘောလုံးပွဲတွင် မန်ယူကစားသမား ၄ ဦးနှင့် မြန်မာ့လက်ရွေးစင် စီနီယာ ကစားသမားများ ၊ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ ပါဝင်ကစားကြမည် ဖြစ်သည်။

မန်ယူကစားသမားဟောင်းများဖြစ်သော အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ ပါဝင်သော ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ၌ သုဝဏ္ဏအားကစား ကွင်းတွင် ကျင်းပမည် ဖြစ်ပြီး မန်ယူကစားသမားများမှာ အသင်း ၂ ဖက်စလုံးတွင် ပါဝင်ကစားကြ မည် ဖြစ်ကြောင်း သိရသည်။

ထိုပွဲမှ ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ HIV ရောဂါ ကုသရေးအတွက် ဆောင် ရွက်နေသော နေရာများကို လှူဒါန်းသွားမည်ဟု အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

AZ
From...Popular Myanmar News Journal

No comments:

Post a Comment