Friday, April 26, 2013

မြန်မာသက္ကရာဇ် ၁၃၇၅ ခု တန်ခူးလပြည့်ကျော် (၁)ရက်၊ ခရစ်နှစ် ၂၀၁၃ နှစ်၊ ဧပြီလ(၂၆)ရက် သောကြာနေ့ ဗေဒင်ဟောစတမ်း

မင်္ဂလာရှိသောနေ့ရက်ပါခင်ဗျာ - မိဘပြည်သူ၊ညီအကို မောင်နှမ အပေါင်းစိတ်၏ချမ်းသာခြင်း.....ကိုယ်၏ ကျန်းမာခြင်းဖြင့်ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်းတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဒီနေ့ဟာမြန်မာသက္ကရာဇ် ၁၃၇၅ ခု တန်ခူးလပြည့်ကျော် (၁)ရက်၊ ခရစ်နှစ် ၂၀၁၃ နှစ်၊ ဧပြီလ (၂၆) ရက် သောကြာနေ့ ဖြစ်ပါတယ်။

ဧပြီလ(၂၆)ရက် -
နက်ပ်ကျွန်းမှ ဗုဒ္ဓဟူးသို့(၄၅) ဒီဂရီအမြင်ရှိထားသည်။ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာ မည်။ သွာတိနက္ခတ်စန်းယှဉ်ပြီး မိဿ၊မေထုန်၊ သိဟ်၊ တူ၊ ဓနု၊ မကာရနှင့် ကုမ် ရာသီဖွားများ ကံဇာတာမြင့် မားချိန်ဖြစ် သည်။တနင်္ဂနွေ၊တနလာင်္၊ ကြာသပတေးနှင့် စနေ နေ့သားသမီးများ အရေးကြီး ကိစ္စ ဆောင် ရွက်နိုင်သည်။ လေကြောင်းနှင့် အာကာသနည်း ပညာလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း၊ သီးနှံစပါးရိတ်သိမ်းမှု၊ ၊ဆန်စပါးဝယ်ယူမှု၊ အလျှင်အမြန်ရောင်းဝယ် ဖောက်ကားလိုသောကုန်ပစ္စည်း စုဆောင်းမှု။ ဘာသာရေးနှင့် အလှူမင်္ဂလာကိစ္စရပ်များ။ အထက် အကြီးအကဲများ ထံမှအကူ အညီရယူမှု၊ အနုပညာ မိတ်ဆက်ဖြန့်ဖြူးမှု။
ဖက်ရှင်/စတိုးဆိုင်နှင့် ဟော်တယ်ဖွင့်လှစ်မှု။ လေလံနှင့် ယှဉ်ပြိုင်ရသော ကိစ္စရပ်များ၊ ထီကံစမ်းမှု များဆောင်ရွက်နိုင်သည်။
ကံကောင်းဂဏန်း - ၁၊ ၅၊ ဝ
ဧပြီလ(၂၆)ရက်

တနင်္ဂနွေသားသမီးများ
(အောင်မြင်ခြင်းလမ်းမများထက် ရွှေရောင်နေ့ရက်ချိုများ ဖန်တီးပုံဖော်ခွင့်ရှိမည့် အချိန်ကာလဖြစ်သည်။)

တနင်္လာသားသမီးများ
(ထူးခြားသည့် ကံကောင်းအောင်မြင်မှုများ ရယူပိုင်ဆိုင်ခွင့်ရရှိမည့် ရွှေရောင်နေ့ရက်ဖြစ်သည်။)

အင်္ဂါသားသမီးများ
(မိမိဆုံးဖြတ်ယူဆချက်များလွဲချော်မှားယွင်းပြီး ဆုံးရှုံးမှုများရင်ဆိုင်ရတတ်သည်။)

ဗုဒ္ဓဟူးသားသမီးများ
(လူမှုရေးအနှောင့်အယှက်ပြဿနာအမျိုးမျိုးကြား စိတ်ပင်ပန်းမှုများပြင်းထန်ချိန်ဖြစ်သည်။)

ကြာသပတေးသားသမီးများ
(အကြံအစည် ရည်ရွယ်ချက်များပြည့်ဝအောင်မြင်မည့် ရွှေရောင်ကာလဖြစ်သည်။)

သောကြာသားသမီးများ
(လုပ်ငန်းတာဝန် ၀တ္တရားများအတွက် အတိုက်အခံပဋိပက္ခများရင်ဆိုင်ရမည်။)

စနေသားသမီးများ
(ငွေကြေးအကျိုးပေးကံကောင်းမွန်ပြီး ထီကံစမ်းပေးသင့်သော
ရွှေရောင်နေ့ရက် ဖြစ်သည်။)

ရာဟုသားသမီးများ
(လူမှုရေးကိစ္စများအတွက် ငွေကြေးသုံးစွဲကုန်ကျမှု
များပြားတတ်သည်။)

တနင်္ဂနွေသားသမီးများဝတ်ဆင်ရန် ပန်းရောင်၊ အနက်၊ အ၀ါရောင် တနင်္လာသားသမီးများဝတ်ဆင်ရန် အနက်၊ နက်ပြာ၊ ပန်းရောင် အင်္ဂါသားသမီးများဝတ်ဆင်ရန် အ၀ါ၊ အနက်၊ ပန်းရောင် ဗုဒ္ဓဟူးသား သမီးများဝတ်ဆင်ရန် အ၀ါ၊ ပန်းရောင်၊ အနက်ရောင် ကြာသပတေးသားသမီးများဝတ်ဆင်ရန် အ၀ါ၊ အနက်၊ ဆင်စွယ် သောကြာသားသမီးများဝတ်ဆင်ရန် ဆင်စွယ်၊ ပန်းရောင်၊ အနက်ရောင် စနေသား သမီးများဝတ်ဆင်ရန် ဆင်စွယ်၊ အနက်၊ နက်ပြာ ရာဟုသားသမီးများဝတ်ဆင်ရန် အနက်၊ ပန်းရောင်၊ ဆင်စွယ်ရောင်ယခုဆိုရင်တော့ ဧပြီလ(၂၆)ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂြိုဟ်၊ နက္ခတ် ဖြစ်စဉ်တွေ ကို ရှောင်ရန်၊ဆောင်ရန်တွေကို တင်ပြခဲ့တာဖြစ်ပါတယ်။
မိဘပြည်သူမောင်နှမသားချင်းများအနေနဲ့လည်းမိမိတို့ကြံစည်ရည်ရွယ် သမျှအလုံးစုံပြည့်ဝအောင်မြင်ပြီး ရွှေရောင်နေ့ရက်တွေကို ပိုင်ဆိုင်ခွင့် ရနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့် ပါတယ်။
... နောက်နေ့တွေမှာလည်း ရွှေရောင်နေ့ရက်တွေအတွက် နက္ခတ်သိပံ္ပမှ လမ်းညွှန်အကြံပြုသွားပါဦးမယ်။
... စောင့်မျှော်ကြည့်ရှုကြဖို့ လေးစားစွာပန်ကြားအပ်ပါသည်။
Sky Net TV Browser

No comments:

Post a Comment