Thursday, April 4, 2013

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား
Thursday, 04 April 2013 

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော် တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်းအတွင်း တရားရုံးတွင် စွဲချက် တင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းဝယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . . 

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူ
လေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေအတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက်တင်ပြီး အရေးယူသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့်
သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး
ဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

eleven မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော်တစ်ပါးအား မီးရှို့သေ ဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန်ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်း အတွင်း တရားရုံးတွင် စွဲချက်တင်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်း ၀ယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . .

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦး အား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူလေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲ ကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံးစစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက်တင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့်သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

eleven

No comments:

Post a Comment