Tuesday, April 9, 2013

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အစ္စလာမ္မအစွန်းရောက်များဆန္ဒပြတောင်းဆိုသော အစ္စလာမ်ဘာသာနှင့် တမန်တော် မိုဟာ မက်ကို စော်ကားသော လူများကို အပြစ်ပေးရေး ဘာသာရေးဥပဒေသစ်တစ်ခု ကို တောင်းဆို ခဲ့ခြင်းအပေါ် တိကျစွာ ပယ်ချ

  ဘာသာရေးဆိုင်ရာ ဥပဒေသစ်တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပယ်ချ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အစ္စလာမ္မအစွန်းရောက်များဆန္ဒပြတောင်းဆိုသော အစ္စလာမ်ဘာသာနှင့် တမန်တော် မိုဟာ မက်ကို စော်ကားသော လူများကို အပြစ်ပေးရေး ဘာသာရေးဥပဒေသစ်တစ်ခု ကို တောင်းဆို ခဲ့ခြင်းအပေါ် တိကျစွာ ပယ်ချလိုက်သည်။

ဘီဘီစီနှင့်ပြုလုပ်သောအင်တာဗျူးတွင် ဘာသာရေးကို စော်ကားရန်ကြိုးစားသူများကို အပြစ်ေ ပးရန် ပြဌာန်းသော ဥပဒေများ သည် လက်ရှိ ပြဌာန်းထားရှိချက်များနှင့်ပင် လုံလောက်ကြောင်း ပြောဆိုခဲ့သည်။
၎င်းပြောဆိုချက်သည် ဒါကာရှိအစ္စလာမ္မစ်အုပ်စု တစ်ခုကို ထောက်ခံသူ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ပြီးနောက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူများသည် ဘာသာရေးစော်ကားသူများကို သေဒဏ်အထိကျခံနိုင်ရေးအတွက် တောင်းဆိုခဲ့ကြသည်။
မစ္မဟာဆီနာက “သူတို့ တောင်းဆိုကြပါတယ်၊ တကယ်တော့ ကျွန်မတို့ အဲဒီဥပဒေထုတ်မယ့် အစီအစဉ်မရှိပါဘူး၊ မလိုဘူးလေ၊ လက်ရှိ ဥပဒေတွေနဲ့ကို လုံလောက်ပါတယ်” ဟုပြောကြားခဲ့သည်။
“ဒီနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်၊ ဒါကြောင့် ဘာသာတိုင်းဟာ သူတို့ဘာသာကို လွတ်လပ်မျှတစွာကိုး ကွယ်နိုင်ပါတယ်၊ တခြား သူရဲ့ဘာသာရေး` ခံယူချက်ကို ထိခိုက်အောင်လုပ်တာဟာ တရားနည်းလမ်းမကျပါဘူး၊ ဘာသာတိုင်း ကိုကာကွယ်ဖို့

အမြဲတမ်းကြိုးစားမှာပါ” ဟုပြောကြားခဲ့သည်။
အစ္စလာမ္မစ်များသည် အစိုးရကို အစ္စလာမ် ဘာသာရေးစော်ကားသော ဘလောဂါများကို ပြင်းထန်သည့် အပြစ်ပေးမှုအပါအဝင် သူတို့၏ တောင်းဆိုချက်များကို အနည်းဆုံးသုံးပတ်အတွင်း ဖြည့်ဆည်းပေးရန် တောင်းဆိုထားသည်။
“ကျွန်မတို့ဟာ တောင်းဆိုမှုတွေကို စစ်ဆေးကြည့်ပါမယ်၊ သင့်လျော်တဲ့ တောင်းဆိုချက်တစ်ခုတစ်လေရှိရင် ကျွန်မတို့အစိုးရ ဖြည့်ဆည်းပေး မှာပါ၊ နိုင်ငံအတွက်၊လူမှုအဖွဲ့အစည်းအတွက်မသင့်တော်တဲ့တောင်းဆိုမှုတွေကို လက်သင့်ခံမှာမဟုတ်ပါဘူး”

ဟုဝန်ကြီးချုပ်က ပြောကြား သည်။
ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် တည်ကြောင်းပြသရန် ဘာသာရေးစော်ကားမှုများပြုလုပ်သည်ဟု သံသယရှိသော ဘလောဂါ လေးဦးကို ဖမ်းဆီးခဲ့သည်။
၎င်းဖမ်းဆီးမှုကြောင့် ဘလောဂါဂရှစ်ဦး သူတို့၏ အင်တာနက်စာမျက်နှာများကို ပိတ်ခဲ့ပြီး လွတ်လပ်သည့်အမြင်ရှိသည့် နိုင်ငံရေးသမားများက အစိုးရသည် အစ္စလာမ်ဝါဒီ အုပ်စု၏ ဖိအားပေးမှုကို လိုက်လျောနေသည် ဟု စွပ်စွဲခဲ့သည်။ သို့သော်ဝန်ကြီးချုပ်က

၎င်းစွပ်စွဲချက်များကို ငြင်း ပယ်ထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့် ရက်သတ္တပတ်တည်းက အတိုက်အခံပါတီမှ ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အကြီးဆုံး အစ္စလာမ္မစ်ပါတီ သည် အကြမ်းဖက်မှုခင်းများလုပ်ဆောင်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ၎င်းတို့၏ ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရေးကို တောင်းဆိုသည့် ဆန္ဒပြမှု များစွာပြုလုပ်ခဲ့သည်။
၎င်း ပါတီထိပ်ပိုင်းခေါင်းဆောင်များသည် အထူးတရားရုံးက တရားစွဲဆိုထားပြီး အခြား ရ ဦးသည် တရားရင်ဆိုင်နေရဆဲဖြစ်သည်။
လွန်ခဲ့သည့်လအနည်းငယ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခတွက် အနည်းဆုံးလူ၈၀ သေဆုံးခဲ့ပြီး အများစုသည် ရဲများပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ ရသည်။
လူသားအခွင့်အရေးဆိုင်ရာအုပ်စု များက နိုင်ငံ၏လုံခြုံရေးတပ်ကို ပဋိပက္ခကိုကိုင်တွယ်ရာတွင် လွန်ကျွန်စွာ အားသုံးခဲ့သည်ဟု ပြစ်တင်ဝေဖန် ခဲ့သည်။
မစ္စဟာဆီနာကမူ “ လုံခြုံရေးတပ်တွေဟာ ဥပဒေဘောင်တွင်းက အဖွဲ့အစည်းပါ၊ ပြည်သူတွေကို ၊ပြည်သူပိုင်ပစ္စည်းတွေကို သူတို့ကာကွယ်ရ ပါမယ်၊ ရဲသားတွေလည်း အဲဒီပဋိပက္ခမှာသေဆုံးခဲ့ရပါတယ်” ဟုရဲများကို ကာကွယ်ပြောကြားခဲ့သည်။
Ref: BBC
မြန်မာခေတ်

No comments:

Post a Comment