Saturday, April 20, 2013

ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ

Photo: ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ”
Saturday, 20 April 2013 

ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍
အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊
MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊
တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့
များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာ
များပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊
လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊
ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်
နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို
အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်တာနက်အသုံးပြုရာတွင်
လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ လည်းကောင်း၊
Cyber ဥပဒေနှင့်ပတ်သက်၍လည်းကောင်း အမြင်ရှုထောင့်အမျိုးမျိုးဖြင့်
ဆွေးနွေးခဲ့ကြသည်။

The 88 Generation - Public Relation'

Myawaddy News
ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး ဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊ MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာများပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊ ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်တာနက်အသုံးပြုရာတွင် လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ လည်းကောင်း၊ Cyber ဥပဒေနှင့်ပတ်သက်၍လည်းကောင်း အမြင်ရှုထောင့်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသည်။

The 88 Generation - Public Relation'

Myawaddy News

No comments:

Post a Comment