Tuesday, April 9, 2013

ရထားလိုင်းအချို့ သင်္ကြန်ရက် အတွင်းရပ်နားမည်ဟု သိရ

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီလ ၁၄ ရက်မှ ၁၆ ရက်နေ့ အထိရပ်နားသွား မည် ဖြစ်ကြောင်း ၊ လက်ရှိ ပြေးဆွဲ နေသော မီးရထားများ၌သွားလာရန် ခက်ခံသော နေရာများတွင် ရထားများ အားလုံးကိုရပ်နားခြင်း မပြုကြောင်း ၊ ရထားများ ပြုပြင်ထိန်းသိမ်းရန် နှင့် ခရီးသွားများ သွားလာမှုနည်းနိုင်သည့် အချိန် ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်း ဖြစ်ကြောင်း နှင့် နှစ်ဆန်းတစ်ရက်နေ့ ၌ ခရီးစဉ် အားလုံးကို ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

သင်္ကြန်တွင်း ရပ်နားမည့် မီးရထားများမှာ ရန်ကုန် - မန္တလေး လမ်းပိုင်း အမှတ် ၅ အစုန် ၊ အမှတ် ၆ အဆန် ၊ ရန်ကုန် - မော်လမြိုင် လမ်းပိုင်း အမှတ် ၃၅ အစုန် ၊ အမှတ် ၃၆ အဆန် ၊ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း အမှတ် ၃၇ အစုန် ၊ အမှတ် ၄၈ အဆန် ၊ အမှတ် ၅၈ အစုန် ၊ အမှတ် ၅၇ အဆန် ၊ ရန်ကုန် - ပုဂံ အမှတ် ၆၁ ၊ အမှတ် ၆၂ ၊ RBE ရထားများ ပြေးဆွဲမည့် ရထားလမ်းပိုင်း အားလုံး ပါဝင်ကြောင်း သိရ သည်။

ခရီးတို ပြေးဆွဲမည့် ရထားလမ်းပိုင်း အားလုံး ၃ ရက်ခန့် ရပ်နား ထားမည် ဖြစ်ပြီး သင်္ကြန်ရက် ပိုင်းတွင် လက်မှတ်များ ၀ယ်ယူရာတွင် အဆမတန် ဈေးကြီးမြင့်မှု ရှိလာ နိုင်ခြင်းကြောင့် စည်းကမ်းချက်များကို ထုတ်ပြန်ထားရှိပြီး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန် ထားပြီး မှောင်ခို ဈေးကွက် ပျောက်အောင် ယခင်ကတည်းက လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း သိရှိရ သည်။
Myawady News
 

No comments:

Post a Comment