Tuesday, April 9, 2013

အခွန်ဆောင် မရှောင်သင့်ကြောင်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် မှာကြား













ဧပြီ (၉) ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ် ၌ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များတွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲ များအား လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့ကြသည်။
 

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကြီးစား၊ အလတ်စား၊ အသေးစား လုပ်ငန်းရှင်များ၊ ၀န်ကြီးဌာနမှတာဝန်ရှိသူများနှင့် မီဒီယာသမားများ တက်ရောက် ခဲ့ကြသည်။
 
ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက အခွန်အကောက်နှင့်ပတ်သက်သည်များကိုပြောကြားခဲ့ပြီး အခွန်နှင့် ပတ်သက်သည့် ဥပဒေများကို လိုက်နာခြင်းရှိ/ မရှိ လေ့လာစောင့် ကြည့်သွားမည် ဟု ပြောကြား ခဲ့သည်။
 
 “မူပေါ်အခြေခံတဲ့ စနစ်ဖြစ်ပါတယ်၊ တနည်းဥပဒေနဲ့အညီ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်၊ အခွန်ကင်းလွတ်ခွင့် တွေရှိနေတယ် ဆိုရင် တိတိကျကျ ဖော်ပြပေးနိုင်ရင် လွှတ်တော်မှာ တင်ပြပေးပြီး အဲ့ဒါကို ဆွေးနွေးရပါမယ်။ ဟု ပြည်သူ့လွှတ်တော်ဥက္ကသူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
 
စီးပွားရေးလုပ်ငန်းရှင်များကလည်း ၎င်းတို့အခက်အခဲများကိုတင်ပြခဲ့ရာ ၂၀၁၅ခုနှစ်၌ ၀င်လာ မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား မယှဉ်ပြိုင်နိုင်မည်ကို ကြောက်ရွံ့နေကြကြောင်း ပြောဆိုခဲ့ကြသည်။
 
ထိုကဲ့သို့ မယှဉ်ပြိုင်နိုင်ခြင်းမှာ အစိုးရ၏ မူဝါဒများနှင့် ဘဏ်တိုးနှုန်းများကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင် တို့က ဆိုသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားများ အခွန်ဆောင်ခြင်း မှာ နိုင်ငံတော်တိုးတက်ရန်အတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတော်အခွန်ကို မရှောင်တိမ်း ပေးဆောင် သင့်ကြောင်း အကြံပြုပြော ကြားခဲ့သည်။
From..မြစ်မခ
 
 

No comments:

Post a Comment