Thursday, April 25, 2013

အပူဒဏ် သိသိသာသာမြင့်တက်မှုကြောင့် မန်းတွင် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိလာ

မန္တလေးတွင် အပူချိန်သိသိ သာ သာမြင့်တက်မှုကြောင့် သက်ကြီးရွယ် အိုများသေဆုံးမှုရှိလာကြောင်း မန္တလေး လူမှုကူညီရေးအသင်းများနှ င့် သေဆုံး သူမိသားစုဝင်များထံမှ သိရသည်။


''အာရုံကြောပြတ်ပြီးဆုံးတာလို့ ဆရာဝန်ကပြောတယ်။ မသေဆုံးခင် က သူ့မှာဘာရောဂါမှမရှိဘူး။ ဆုံးခါ နီးတော့ နေ့လယ်ပိုင်းတွေဆို စကား လုံးဝမပြောနိုင်ဘူး။ အိပ်ရာထဲမှာပဲ နုံးလို့ခွေနေတာ။ မနက်ပိုင်းနဲ့ ညပိုင်း တွေမှာပဲ ခေါင်းထောင်တာ။ နေကပြင်းတာကိုး။လူကြီးဆိုတော့ ဒဏ်မ ခံနိုင်ဘူး''ဟု ဧပြီ ၁ဝ ရက်နေ့က ဆုံးသွားသော ဒေါ်သိန်းလှ (၆၉)နှစ်၏ ခင်ပွန်းဦးဘိုခင် က ပြောသည်။

မန္တလေးတိုင်း ဒေသကြီးတွင် အပူ ချိန်များ မှာ ယခုလအတွင်းမှာ သိသိ သာသာမြင့်တက်ခဲ့ပြီး ဧပြီလ ၁၃ ရက် နေ့တွင် 42ºC၊ ၁၄ရက်နေ့တွင် 43.7ºC ၊၁၅ ရက်နေ့ တွင် 42.5ºC ၊၁၆ ရက်နေ့ တွင် 40.2ºC ၊ ၁၇ ရက်နေ့တွင် 37.5ºC ၊ ၁၈ ရက်နေ့တွင်37.8ºC ၊ ၁၉ ရက်နေ့ တွင် 39.2ºC ၊ ၂ဝ ရက်နေ့တွင် 40.2ºC ၊ ၂၁ ရက် နေ့တွင် 42.3ºC ၊ ၂၂ ရက်နေ့တွင်41.3ºC အမြင့်ဆုံးအပူ ချိန်များရှိခဲ့ကြောင်း နေပြည်တော်မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ စာရင်းများအရ သိရသည်။ဆက်ပြီး ၅၄ လမ်းပေါ်တွင် ဖွင့် လှစ်ရောင်းချသူ တောသားကြီး လက် ဖက်ရည်ဆိုင်ပိုင်ရှင် ကိုအောင်ကိုမင်း က အဘွားဒေါ်အေးရင် (၉၂) နှစ် ဧပြီ ၁၆ ရက်နေ့ကဆုံးပါးပုံကို ''မဆုံးခင် ကတော့ ရောဂါရယ်လို့ ထွေထွေထူး ထူးမရှိပါဘူး။ ဒူးနာ၊ ခါးနာ တာလောက် ပဲရှိတာ။

၁ဝ ရက်လောက်ရှိပြီ အိပ်ရာ ထဲမှာပဲ ခွေနေတာ။ စကားလည်း မပြောနိုင်ဘူး။ တစ်ခါတလေ ပူတယ်ပူ တယ်လို့တော့ ညည်းတယ်။ ဒီအတိုင်းပဲ ပြုစုခဲ့တာ။ ဆရာဝန်တောင်မပြလိုက် ရဘူး။ နောက်အိပ်ရာထဲမှာပဲ ဆုံးသွား တယ်''ဟု ပြောသည်။ယခုနှစ်တွင် ယခင်နှစ်ထက် အပူ ချိန်ပိုပူနိုင်တာမျိုးမရှိဘဲ ပုံမှန်အတိုင်း သာဖြစ်ပြီးအပူပိုင်းဒေသများတွင် အ မြင့်ဆုံးအပူချိန် 45 ºCထက် ပိုမပူ နိုင်ကြောင်း နေပြည်တော်မိုးေ လဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ် ကျော်က ပြောသည်။ ''သင်္ကြန်တွင်းကစလို့ ဒီနေ့အထိ ပေါ့။ တခြားယာဉ်တိုက်မှုတွေ မပါဘူး။ လူကြီးပိုင်းတွေဆုံးတာ ၆ ဦးလောက် ရှိပြီ။ ကျွန်တော်တို့ နာမှုကူညီရေးကားနဲ့ လိုက်ပို့ရတာကို ပြောတာပါ။ ဘာရော ဂါနဲ့ဆုံးလည်းဆိုတာ အတိအကျ မပြော နိုင်ကြဘူး။လူကြီးရောဂါ လို့ပဲ ဖြေကြ တာ။ တချို့လည်း ပူလို့ဒဏ်မခံနိုင်ကြ တာလို့တော့ပြောကြ တယ်''ဟု အနော် မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင် မောင်ထွေးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment