Friday, April 19, 2013

ကယ်ရီ မလိုတဲ့ Golf လှည်း

ဂေါက်သီး ကစားတဲ့ အခါမှာ ကယ်ရီတွေက အနှောက်အယှက် ဖြစ်စေပါ သလား။ အသုံးမကျ၊ ပုံဆိုးပန်း ဆိုး ကယ်ရီနဲ့ ကျလို့ သင့်ကစားပွဲကလဲအရှုံးကြီးပဲ ဆိုရင် ကယ်ရီကို Tip ပေးချင်စိတ် ရှိတော့မှာ မဟုတ်ဘူး မဟုတ်လား။

နည်းပညာ အသစ်တွေရှိလာပြီ ဖြစ်တဲ့အတွက် ကယ်ရီတွေကို တွေးပူစရာ မလိုတော့ပါဘူး။ သင့်နောက် မှာ တကောက်ကောက်လိုက်မဲ့ လူမဲ့ Golf လှည်းတွေ ပေါ်လာပါပြီ။ FTR Systems ကနေ တီထွင်ထားတဲ့ Caddytrek က သင်လိုတဲ့ Golf Club တွေကို မနားတမ်း သယ်ပေးပါလိမ့်မယ်။ Tip လည်းပေးစရာလိုမှာ မဟုတ်သလို။ သင့်အနားမှာလည်း နားငြီးစရာတွေ ကြားရမှာ မဟုတ်ပါဘူး။ 

Remote-controlled နဲ့ ထိန်းချုပ်လို့ ရတဲ့ အဆိုပါ လှည်းဟာ Golfer မှာ ပါရှိတဲ့ Sensor Unit ကို အာရုံ ခံပြီး သင်သွားတဲ့ နေရာတိုင်းကို အနောက်ကနေ ထပ်ချပ်မကွာ လိုက်ပါ လာပါ လိမ့်မယ်။ သင်ရပ်တဲ့ အချိန်မှာ ရပ်ခိုင်းလိုရပြီး နောက်ထပ် tee ခုံကို သွားခိုင်းချင်သလား။ ဆိုင်တစ်ခုခုကို သွားစေချင်သလား Remote Control နဲ့ ခိုင်းစေလို့ ရမှာ ဖြစ်ပါ တယ်။

လမ်းကြောင်းရှာတဲ့ Device မှာ ပါဝင်တဲ့ Sensors ဟာ Caddytrek လှည်းကို အတားအဆီးတွေ ကနေ ရှောင်ရှားပေးနိုင် ပါတယ်။ 25 degrees ရှိတဲ့ ကုန်းတွေကိုလည်း တက်နိုင် ပါတယ်။ Lithium ion battery ဟာ 27 holes or 10 miles ကို နှစ်နာရီကြာ တစ်ကြိမ် အားသွင်း ထားရုံနဲ့ သွားနိုင်ပါတယ်။

အလေးချိန် ဟာလည်း 39 pounds သာရှိတဲ့ အတွက် ပေါ့ပါးပြီး သယ်ရ လွယ်ကူပါတယ်။ 

ဈေးနှုန်း ကတော့ $1,595 ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Game မှာ အခြေအနေ မကောင်းဘဲ ရှုံးမယ်ဆိုရင် စက်ရုပ် လှည်းကိုသာ အပစ်တင်ပြီး ဆူပူကြိမ်းမောင်း လိုက်ပါတော့။

From : Stuff Myanmar
caddytrek

No comments:

Post a Comment